Powered by Blogger.

Window 10 သည် လူတိုင်းအတွက် အခမဲ့ မဖြစ်နိုင်


လွန်ခဲ့တဲ့လက window 7, window 8.1 နှင့် window phone 8.1 အသုံးပြု သူများ အနေဖြင့် window 10 OS ကို အခမဲ့ update ပြု လုပ်နိုင်မည်ဟု သတင်းတွေ ထွက်ခဲ့သဖြင့် Microsoft အသုံးပြုသူများအတွက် သတင်းကောင်းဖြစ်ခဲ့ပါတယ်။
Blog တွေ မှာ ဘယ်လိုပင် ဖော်ပြပါရှိပါစေ ကုမ္ပဏီဘက်ကမူ လူတိုင်းကို အခမဲ့ပေးမှာ မဟုတ်ကြောင်း
 ပြောကြားခဲ့ပါတယ်။ Window 7 Enterprise နှင့် Window 8/8.1 တွင်မူ အခမဲ့ upgrade လုပ်နိုင်မည် မဟုတ်ကြောင်း Microsoft မှ ပြောကြားခဲ့ပါတယ်။ Enterprise ဗားရှင်း OS များသည် သာမန် အသုံးပြု သူများအတွက် မဟုတ်ဘဲ အဖွဲ့အစည်းများအတွက် ထုတ်လုပ်ပေးထားခြင်းဖြစ်ပါတယ်။ အာမခံရှိသော အသုံးပြု သူများအနေဖြင့် Window 10 enterprise ကို upgrade လုပ်ခွင့်ရှိမည် ဖြစ်ကြောင်းကိုလည်း ပြောကြားခဲ့ပါသေးတယ်။ Microsoft ၏ ပြောကြားချက်အရ တစ်ကမ္ဘာလုံးရှိ အသုံးပြု သူ သန်းရာချီ ခန့်သည် အခမဲ့ upgrade လုပ်ခွင့်ရှိမှာ ဖြစ်ကြောင်းလည်း သိရှိရပါတယ်။ ဒါဟာ Microsoft အနေဖြင့် ပထမဆုံးအကြိမ် အခမဲ့ upgrade ပေးခြင်းလည်း ဖြစ်ပါတယ်။ 


Credit : http://abcnews.go.com
Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment