Powered by Blogger.

အသစ်ထွက်ရှိလာဦးမယ့် Samsung ရဲ့ Galaxy S6


၂၀၁၅ မှာ ဖုန်းအသစ် ထုတ်လုပ်ဖို့ ရှိနေတာဟာ HTC ကုမ္မဏီ တစ်ခုတည်းမဟုတ်ပါဘူး။ XDA-Developers Forum ရဲ့ အဖွဲ့ဝင် တစ်ယောက်ဟာ Samsung ရဲ့ မထွက်ရှိသေးတဲ့ ဟန်းဆက် တစ်မျိုးဖြစ် တဲ့ Galaxy S6 ရဲ့ ဓါတ်ပုံတွေကို Post လုပ်ခဲ့ပါတယ်။
 ထို Samsung Galaxy S6 ရဲ့  ပုံစံဟာ အလွန်ပါး လွှာပြီး အရင် Galaxy S စီးရီး ဖုန်းတွေထက် ပိုမို သေသပ် လှပနေတာကိုတွေ့  ရပါတယ်။ အားလုံးမျှော်လင့် ထားသလိုပဲ သတ္တု ကိုယ်ထည် နဲ့ ပြုလုပ် ထား မှာဖြစ်သလို iPhone 4 နဲ့ Nexus 4 တို့လို a’ la မှန်သား နဲ့ ပြု လုပ် ထား တဲ့ နောက်ကျော ဖြစ် တာကြောင့် မို့ ပြုတ်ကျရင်တော့ တစ်ခါတည်းနဲ့ ကွဲမှာပါ။ဒါ့အပြင် ထုံးစံအတိုင်းပဲ ဖြုတ်လို့  ရတဲ့ ဘက်ထရီနဲ့ SD Card Slot တို့တော့ ပါဝင်မှာမဟုတ်ပါဘူး။
 Samsung ရဲ့ မကြာသေးမီကမှ ထွက်ရှိထားတဲ့ Galaxy A စီးရီးဟာလည်း လူငယ် ထုကြား မှာ အောင်မြင် မှုရခဲ့ပါတယ်။ အခုတစ်ခေါက် မှာတော့ S စီးရီး ပရိတ်သတ်တွေ အတွက် Galaxy S6 ကို တစ်ဖန်ပြန် လည် ထုတ်လုပ် ခဲ့တာဖြစ်ပါတယ်။ Samsung နဲ့ စမတ်ဖုန်း ထုတ်လုပ်မှုမှာ ပြိုင်ဘက်ကုမ္မဏီ တစ်ခုဖြစ်တဲ့ HTC ကလည်း One M9 ကို မကြာသေးမီကပဲ ထုတ်လုပ်ထားပါသေးတယ်။ 


Credit : http://www.engadget.com
Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment