Powered by Blogger.

သင့်သူငယ်ချင်းတွေရဲ့ တည်နေရာကို ခြေရာခံပေးမယ့် Wondows ဖုန်းတွေရဲ့ People Sense


တစ်ကယ်လို့  များ သင့်မှာ Andriod (သို့) iOS ကိရိယာ တစ်ခုခု ရှိမယ်ဆိုရင် သင့်သူငယ်ချင်းတွေနဲ့ မိသားစု ၀င်တွေရဲ့ တည်နေရာကို သိရှိနိုင်ဖို့အတွက် လွယ်ကူပါတယ်။ ဒါပေမယ့် Windows ဖုန်းကနေ တစ်ဆင့် သင့် မိတ်ဆွေတွေကို ရှာဖွေမယ် ဆိုရင်ရော? မှန်ကန်တဲ့ Third-Party apps တွေကို သုံးနေ ဖို့မ လိုတော့ပါဘူး။
 ဒါဟာ ရေရှည်မှာ ခက်ခဲတဲ့ အခြေအနေ တစ်ခုလည်း မဟုတ်နိုင်တော့ပါဘူး။ စပိန် အခြေစိုက် ၀က်ဘ်ဆိုက် တစ်ခုဖြစ်တဲ့ Microsoft Place ဟာ People Sense လို့ခေါ်တဲ့ မထွက်ရှိသေးတဲ့ ၀န်ဆောင်မှုတစ်ခုကို အသေးစိတ်ဖော်ပြခဲ့ပါတယ်။ ထို ၀န်ဆောင်မှုကတော့ အခြား Windows Phone သုံးစွဲသူတွေရဲ့ တည်နေရာကို ခြေရာခံခြင်း နဲ့ ဝေမျှခြင်းတို့ကို လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။
 Apple ရဲ့ Find My Friends ဆိုတဲ့ app နဲ့ နည်းပညာခြင်း ဆင်တူပြီး ပိုမို အားကောင်းတဲ့ လုပ်ဆောင် ချက်တွေ ပါဝင်နေပါတယ်။People Sense ဟာ လက်ရှိ အချိန်မှာ စမ်းသပ်နေတဲ့ အဆင့်မှာ သာရှိနေသေး ပြီး ထွက်ရှိမယ့် နေ့ကိုတော့ အတိအကျ မထုတ်ပြန် ထားသေးပါဘူး။ ဒါပေမယ့် ထို ၀န်ဆောင်မှုဟာ Windows 10 ရဲ့ အဓိက ကျတဲ့ ဆော့ဖ်ဝဲ တစ်ခုအနေနဲ့ ပါလာခဲ့မယ်ဆိုရင်တော့ အံ့အားသင့်စရာ မရှိလောက် ပါဘူး။ 


Credit : http://www.engadget.com
Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment