Powered by Blogger.

Abuse-Blocking Filter ကို မိတ်ဆက်ပေးလိုက်တဲ့ Twitter


နာမည်ကျော် ပုဂ္ဂိုလ်များ အသုံးများသော Twitter တွင် feature သစ်ကို ဖန်တီးပေးလိုက်ပြန်ပါပြီ။ အသုံးပြု သူများ၏ Timeline တွင် ရိုင်းစိုင်းသော စကားလုံးများနှင့် တစ်ဖက်သား၏ ဂုဏ်သိက္ခာအား ညှိုးနွမ်းစေသော စာသားများ ရေးသားပါက ဘလောခ့်နိုင်မည့် filter အသစ်ကို Twitter မှ မိတ်ဆက်ပေး လိုက် တာ ဖြစ်ပါတယ်။ သို့ရာတွင် ထို feature သစ်ကို verified user များသာ အရင်ဦးဆုံး အသုံးပြုနိုင် ဦးမှာ ဖြစ်ပါတယ်။
ထို filter ကို Apple အမှတ် တံဆိပ် ဖုန်းများ အတွက် ထုတ်လုပ်ပေးထားသော App တွင်သာ အသုံးပြုနိုင်ဦး မှာ ဖြစ် ပါတယ်။ အသုံးပြု သူများ အနေဖြင့် ထို feature သစ်ကို အသုံးပြု မပြု မိမိ စိတ် ကြိုက်ရွေး ချယ်နိုင် မှာ ဖြစ်ပါတယ်။ ယခင်ကလည်း Verified user များအနေဖြင့် Tailored Filtering ဟု ခေါ်သော မိမိနှင့် မကြာ ခဏ chat လေ့ရှိသော သူများနှင့် ပတ်သတ်သည့် အချက်ပေး ချက်များ ကို ပြင်ဆင် တည်းဖြတ်နိုင် မည့် Feature ကိုလည်း အသုံးပြုနိုင်ခဲ့ပြီး ဖြစ်ပါတယ်။ 


Credit : http://news.sky.com
Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment