Powered by Blogger.

Facebook က ဗီဒီယိုတွေ upload လုပ်နေစရာ မလိုတော့တဲ့ စနစ်တစ်ခုကို မိတ်ဆက်


ကမ္ဘာပေါ်မှာ အအောင်မြင်ဆုံး လူမှု ကွန်ရက်တွေကို ပိုင်ဆိုင်ထားတဲ့ Facebook ကုမ္မဏီဟာ အမြဲတမ်း လုပ်ဆောင်ချက် အသစ်တွေနဲ့ သုံးစွဲသူတွေကို update ပြု လုပ်ပေးလေ့ ရှိခဲ့ပါတယ်။ အခုလည်း Facebook က ဗီဒီယို နဲ့ ပတ်သက်တဲ့ လုပ်ဆောင်ချက် အသစ်တွေကို ဖန်တီး လိုက်ပြန်ပါပြီ။
 Facebook က ဗီဒီယိုတွေနဲ့ ပတ်သက်ပြီး Newsfeed မှာ autoplay စနစ်နဲ့ ပြသစေခဲ့ပြီး တဲ့နောက် မှာတော့ ထိုဗီဒီ ယိုတွေကို Facebook မှာ upload လုပ်နေစရာ မလိုတော့တဲ့ စနစ်တစ်ခုကို မိတ်ဆက်လိုက်ပါတယ်။ Facebook ပေါ်မှာ တင်ထားတဲ့ ဗီဒီယိုတွေဟာ Facebook ပေါ်မှာပဲ ရှိနေမှာ မဟုတ်တော့ပါဘူး။ Facebook ဟာ သူ့ ရဲ့ လူမှုကွန်ရက်မှာ embeddable player တစ်ခုကို ထည့်သွင်းလိုက်ပြီး အဲဒီ Player ဟာ သုံးစွဲသူတွေကို အခြား ၀က်ဘ်ဆိုက်တွေမှာ ရှိတဲ့ ဗီဒီယို ကလစ်ပ်တွေကို Facebook မှာပြသ ခွင့်ပြုပေး မှာဖြစ်ပါတယ်။
အသုံးပြု ပုံကတော့ သုံးစွဲသူတွေ Facebook ပေါ်တင်ချင်တဲ့ ဗီဒီယိုရဲ့ code ကို Copy လုပ်ပြီး Facebook ရဲ့  Blog သို့ status မှာ Paste လုပ်လိုက်ရုံနဲ့ တင်ရပါတယ်။ တစ်ကယ်လို့ သုံးစွဲသူက ထိုဗီဒီယို ကို တစ် ကမ္ဘာလုံးနဲ့ ပြန်လည်ဝေမျှ ချင်တယ် ဆိုရင်တော့ မိမိဘာသာ Upload ပြန်လုပ် ဖို့လိုပါလိမ့်မယ်။ 


Credit : http://www.engadget.com
Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a comment