Powered by Blogger.

Android 5.0 Lollipop နှင့် LG Spirit ကို Rs.14,250 နဲ့ မိတ်ဆက်


LG မှ ဈေးအလယ် အလတ်ရှိတဲ့ LG Spirit စမတ်ဖုန်းကို အိန္ဒိယတွင် Rs.14250 နှင့် ရောင်းချရန် မိတ်ဆက် ခဲ့ပါတယ်။ သို့ရာတွင် ဖုန်းနှင့် ပတ်သက်သည့် အသေးစိတ် အကြောင်းအရာ များကိုတော့ ထည့် သွင်း ကြော်ငြာထားခြင်း မရှိပါ။ ထိုဖုန်းကို ဖေဖော်ဝါရီလ ကတည်းက အခြားသော LG Magna, LG Leon နှင့် LG Joy တို့နှင့် အတူ ကြော်ငြာခဲ့တာဖြစ်ပြီး ထိုဖုန်းအားလုံးကို ယခုလ MWC 2015 တွင် ပြသ ခဲ့ပါတယ်။ LG Spirit (LG H-422) တွင် Andriod 5.0 (Lollipop) ကို သုံးထားပြီး မျက်နှာပြင်မှာ ၄.၇ လက်မ  HD မျက်နှာပြင် ဖြစ်ပါတယ်။
Processor မှာ 1.3GHz Quad-Core ဖြစ်ပြီး RAM အနေဖြင့် 1GB ပါရှိပါတယ်။ Rear Camera မှာ 8MP ဖြစ်ပြီး front facing camera မှာ 1MP ဖြစ်ပါတယ်။ Internal Storage အနေဖြင့် 8GB ပါရှိပြီး SD card ကို 32GB ထိ ထည့်သွင်းနိုင်မှာ ဖြစ်ပါတယ်။ 3G, WiFi, Bluetooth, GPS/A-GPS နှင့် Micro-USB စသည့် ချိတ်ဆက်မှု များပြုလုပ်နိုင်ပြီး ဘက်ထရီ အနေဖြင့် 2100mAh ပမာဏ ဖြစ်ပါတယ်။ 


Credit : http://gadgets.ndtv.com/mobiles/news
Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment