Powered by Blogger.

HTC ရဲ့ ထုတ်ကုန် အသစ် One E9+


ဒီနှစ်ထဲမှာပဲ One M9 ဆိုတဲ့ စမတ်ဖုန်း တစ်လုံးကို ထုတ်လုပ်ခဲ့တဲ့ HTC ကုမ္မဏီဟာ အခုလည်း အနည်း ငယ် ကွဲပြားမယ့်  Teblet တစ်လုံးကို ထပ်မံ ထုတ်လုပ်ဖို့ စီစဉ် လိုက်ပြန်ပါပြီ။ One E9+ လို့ခေါ်တဲ့ ထို Teblet အသစ်ဟာ သတ္တု တစ်ဝက် ၊ ပလတ်စတစ် တစ်ဝက် နဲ့ ထုတ်လုပ် ထားတာဖြစ်ပြီး ၅.၅ လက်မ ကျယ်ဝန်းတဲ့ Quad HD မျက်နှာပြင်နဲ့ ထုတ်လုပ်မှာဖြစ်ပါတယ်။RAM အနေနဲ့ကလည်း 2GB ပါဝင် မှာဖြစ်ပြီး ကင်မရာ အနေနဲ့ကတော့ 13 Megapixels ရှိတယ်လို့ သိရ ပါတယ်။ ဒီလ အစောပိုင်းက ထွက်ခဲ့တဲ့ သတင်းတွေ အရတော့ RAM 3GB နဲ့ ကင်မရာ 20 Megapixels လို့ဖော်ပြခဲ့ဖူးတယ် အတွက် အနည်းငယ်တော့ ကွဲပြားသွားပါတယ်။
ကျန်တဲ့ အစိတ် အပိုင်းတွေ ကတော့ ထွက်ရှိ ထားတဲ့ သတင်းတွေနဲ့ တူညီပါတယ်။Mediatek က ထုတ်လုပ်တဲ့ 64-bit Octa-Core 2GHz MT6795M ချပ်စ် ကို အသုံးပြုထားပြီး 16GB internal Storage နဲ့ 2800 mAh ဘက်ထရီ တို့ကို အသုံးပြုထားပါတယ်။ Nano SIM slots လည်း ၂ ပေါက် ပါဝင်ပြီး UltraPixel အရှေ့ ကင်မရာကိုလည်း ထည့် သွင်းပေးထားပါတယ်။ ဒါ့အပြင် BoomSound စပီကာ များလည်း ထည့်သွင်းပေးထားပြီး 802.11ac WiFi နဲ့အတူ LTE ကို Muti Mode အနေနဲ့ အသုံးပြုနိုင်မယ်လို့ သိရပါတယ်။


Credit : http://www.engadget.com
Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment