Powered by Blogger.

အမေရိကန် ၆၅ဒေါ်လာ ကျော်ကျော်သာကျသင့်မည့် Budget ဖုန်းထုတ်လုပ်ရန် စီစဉ်နေသည့် Xiaomi


Xiaomi မှ ဈေးနှုန်း ချို သာစွာဖြင့် စမတ်ဖုန်းကောင်းကောင်း ကိုင်နိုင်ရန် ရည်ရွယ်ကာ ထုတ်လုပ်နေ လျက် ရှိပါသည်။ လက်ရှိတွင်လည်း Redmi2 ကို ဒေါ်လာ ၁၁၀ ဝန်းကျင်ဖြင့် ရောင်းချနေပါတယ်။ တရုတ် ထုတ် လုပ်သူတွေဟာ ယခင်ဈေးများထက် ပိုမိုချိုသာပြီး ကောင်းမွန်သည့် စမတ် ဖုန်းတစ်လုံး ထုတ် လုပ်ရန် စီစဉ်နေကြောင်း လဲ သိရပါတယ်။ ထွက်ရှိလာသော ကောလ ဟာလများ အရ ထိုဖုန်းတွင် ၄.၇လက်မ မျက်နှာပြင် ပါရှိမည် ဖြစ်ပြီး 1GB RAM ပမာဏနှင့် 8GB ပမာဏ Internal storage တို့လည်း ပါရှိ မည် ဖြစ်ပါတယ်။
 ကင်မရာမှာလည်း ပင်မ ကင်မရာမှာ 8MP ဖြစ်ပြီး secondary ကင်မရာမှာ 2MP နှင့် OS အနေဖြင့်လည်း 4.4.4 (KitKat) Version ဖြစ်မည် ဖြစ်ပါတယ်။ အဓိက ကွာခြားချက်မှာ Chipset ဖြစ်နိုင်မည် ဖြစ်ပြီး processor ကွာခြား သွားမည် ဖြစ်ပါတယ်။ ထို chipset ဈေးနှုန်းမှာ ၆၅ ဒေါ်လာ ခန့်ဖြစ်ပြီး ထိုဖုန်း အတွက် ဈေးနှုန်း မှာ ၆၅ဒေါ်လာနှင့် ဒေါ်လာ ၁၁၀ ကြားတွင် ရှိမည် ဖြစ်ကြောင်း ခန့်မှန်းချက် များအရ သိရှိ ရပါတယ်။ 



Credit :  http://www.gsmarena.com
Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment