Powered by Blogger.

အသစ်ထွက်ရှိလာတဲ့ HTC One M9


ကြို တင် ထွက်ရှိထားတဲ့   သတင်းများ    အတိုင်းပဲ HTC  က သူ့ရဲ့  ထုတ်ကုန် အသစ်  စမတ်ဖုန်းဖြစ်တဲ့HTC One M9 ကို ထုတ်လုပ်လိုက်ပါပြီ။ HTC ရဲ့ One စီးရီး စမတ်ဖုန်းတွေဟာ အမြဲတမ်း ဆန်းသစ်စွာ ထုတ် လုပ်လေ့ ရှိသလိုပဲ အခု ထွက်ရှိလာတဲ့ HTC One M9 ဟာလည်း Software ပိုင်းရော Hardware ပိုင်း ပါ ပြောင်းလဲမှုတွေ များစွာနဲ့ ထွက်ပေါ်လာပြန်ပါတယ်။
အဓိကပြောင်းလဲ သွားတဲ့  Hardware ကတော့ ကင်မရာ ပဲဖြစ်ပါလိမ့်မယ်။ 20 Megapixels ရှိတဲ့ အနောက် ကင်မရာနဲ့ UltraPixel ရရှိနိုင်မယ့် အရှေ့ ကင်မရာ တို့က HTC One M9 ရဲ့ အား သာ ချက် တွေ ပဲဖြစ်ပါတယ်။ Sim Card ကတော့ Nano SIM ထည့်သွင်း ရမှာဖြစ်ပြီး 2TB အထိ Support လုပ်ပေးမယ့် Micro SD card slot လည်း ပါဝင်ပါတယ်။ ၅ လက်မ ကျယ်ဝန်းတဲ့ မျက်နှာပြင်က 1080p ကြည်လင်ပြတ် သားမှု ကို ထုတ်လုပ်ပေးနိုင်သလို BoomSound ဆိုတဲ့ စပီကာ က HTC One M9 ရဲ့  စွမ်းဆောင်ရည် ကို ပြသပေးမှာဖြစ်ပါတယ်။
ဒါ့အပြင် မြန်ဆန်တဲ့ လုပ်ဆောင်ချက်တွေ အတွက်လည်း Qualcomm ရဲ့ Octa-Core Snapdragon 810s က CPU အဖြစ် တာဝန်ယူ ထားပါတယ်။ ဒီ Processor ရဲ့  စွမ်းဆောင်ရည်ဟာ 2.0GHz Quad-Core နဲ့ 1.5Ghz Quad-Core ရှိတဲ့ Processor တွေကို ပေါင်းစပ် ထားတာနဲ့ ညီမျှပါတယ်။ 3GB ရှိတဲ့ DDR4 RAM လည်း ပါဝင်ပြီး Super-Fast LTE Cat 9 data speed ကိုရရှိနိုင်တဲ့ အတွက် မြန် ဆန် စွာ အင်တာနက် အသုံးပြုနိုင်မှာဖြစ်ပါတယ်။
 ဖြုတ်လို့မရတဲ့ Li-Po 2840 ဘက်ထရီ ပါဝင်တဲ့အတွက်လည်း အနည်းဆုံး၂၅ နာရီခန့် ဆက်တိုက် ဖုန်းပြော ဆိုနေနိုင်ပါတယ်။ အရောင်ကတော့ ရွှေရောင်နဲ့ ငွေရောင် များထုတ်လုပ်မှာဖြစ်ပြီး Blink Feed နဲ့ Sense 7 တို့လို ပါဝင်ပြီးသား app တွေကလည်း HTC One M9 ဟာ လက်ရှိမှာ အကောင်းဆုံးဖြစ်နေတာကို သက်သေပြထားပါတယ်။ အသစ်ထွက်ရှိလာဦးမယ့် Smasung ရဲ့ Galaxy S6 နဲ့ ပြိုင် ဘက်ဖြစ် လာနိုင်ချေရှိတဲ့ HTC One M9 ရဲ့ ဈေးနှုန်းကလည်း စတာလင်ပေါင် ၅၇၉ သာရှိတယ်လို့သိရပါတယ်။


Credit : http://www.engadget.com
Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment