Powered by Blogger.

မန်စီးတီး အသင်း အနေနဲ့ ဘာစီလိုနာ အသင်းကို အနိုင်ရရန် အထူးကြိုးစား ကစား သင့်တယ်လို့ Fernandinho တိုက်တွန်းပြောဆို


မန်ချက်စတာ စီးတီး အသင်းရဲ့ အလယ်တန်း ကစားသမား Fernandinho က မန်စီးတီး အသင်း အနေနဲ့ ဘာစီလိုနာ အသင်းကို အနိုင်ရရန် အထူးကြိုးစား ကစား သင့်တယ်လို့ တိုက်တွန်းပြောဆို လိုက်ပါတယ်။ Manuel Pellegrini ကိုင်တွယ်နေတဲ့ လက်ရှိ ပရီးမီးယားလိဂ် ချန်ပီယံ မန်ချက်စတာ စီးတီး အသင်း ဟာ နျူးကမ့်ကွင်း ကိုသွားရောက်ပြီး ချန်ပီယံလိဂ် ကွာတား ဖိုင်နယ် အဆင့် သို့ တက်ရောက်နိုင်ရန် ဘာစီလိုနာ အသင်းနဲ့ ယှဉ်ပြိုင် ကစားရမှာဖြစ်ပါတယ်။ 
အိမ်ကွင်း မှာတုန်းက ဘာစီလိုနာ အသင်းကို ၂-၁ ဂိုးနဲ့ ရှုံးနိမ့် ထားတဲ့ မန်ချက်စတာ စီးတီး အသင်း အနေနဲ့ အခု တစ်ခေါက် အဝေးကွင်း ပွဲစဉ်မှာ အနည်းဆုံး ၂ ဂိုးပြတ်နဲ့ အနိုင်ရမှ ကွာတား ဖိုင်နယ်သို့ တက်ရောက်နိုင် မှာဖြစ် ပါတယ်။ အသက် ၂၉ နှစ် အရွယ် ကွင်းလယ် ဖန်တီးရှင် Fernandinho က ရှော်ကေးဇီးရိုးဖိုး အသင်း နဲ့ ပီအက်စ်ဂျီ အသင်းတို့ ရဲ့ စိတ်ဓါတ်နဲ့ ရလဒ်တွေကို အတုယူကြဖို့လည်း မန်ချက်စတာ စီးတီး အသင်းမှာရှိတဲ့ သူ့  ရဲ့ အသင်းဖော်တွေကို တိုက်တွန်းပြောဆို လိုက်ပါတယ်။ “ရှော်ကေး နဲ့ ပီအက်စ်ဂျီ အသင်းက ကစား သမားတွေ ဟာ အရည်အချင်းရှိကြတယ်။
သူတို့ဟာ အဝေး ကွင်းတွေမှာ လာကန်ပြီး ရလဒ်ကောင်းတွေ ဖန်တီး ခဲ့ရတဲ့ အခြေ အနေဟာ ကျွန်တော်တို့ အသင်းနဲ့ အခြေအနေ တူပါတယ်။ အဲဒီ အသင်း၂ သင်းရဲ့  ရလဒ်တွေကို စံနမူနာ ယူသင့်ပါတယ်” လို့ Fernandinho ကဆိုပါတယ်။


Credit : http://www.mirror.co.uk/sport/football/news
Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment