Powered by Blogger.

Windows 10 ကို နိုင်ငံပေါင်း ၁၇၀ မှာ ထုတ်လုပ်


Microsoft ဟာ လွန်ခဲ့တဲ့ လ အနည်းငယ် ကပဲ Windows 10 ကို လ အနည်းငယ် အတွင်း ထုတ်လုပ် သွားမယ်လို့ ကြေညာခဲ့ပါတယ်။ အခုတော့ တစ်ကယ် ထုတ်လုပ်လိုက် ပါပြီ။ Windows 10 ကို နိုင်ငံပေါင်း ၁၇၀ မှာ ထုတ်လုပ် ခဲ့ပြီး ဘာသာ စကား ၁၁၁ မျိုးနဲ့ ထည့်သွင်း ဖန်တီး ထားတယ် လို့လည်း သိရပါတယ်။ အကောင်းဆုံး ၀န်ဆောင်မှု ကတော့ လက်ရှိ Windows 7 နဲ့ Windows 8 သုံးနေသူတွေအတွက် Windows 10 ကို Upgrade ပြုလုပ်ခွင့် အခမဲ့ ရယူနိုင် မှာဖြစ်ပါတယ်။
Microsft ဟာ Windows 10 ရဲ့ တွင် ကျယ်မှုတွေ အားလုံးကို ထုတ်မပြောပဲ ဖုံးကွယ် ထားခဲ့ ပါသေးတယ်။ အဲဒါ ကတော့ မကြာခင်မှာပဲ Microsoft က Internet of Things devices ဆိုတဲ့ စက်ကိရိယာ အမျိုးအစားတွေ အတွက် လည်း Windows စနစ် တစ်ခုကို ဖန်တီး ထားပါသေးတယ်။ ထိုစနစ် ကိုတော့ Microsoft ရဲ့ အမှုဆောင် အရာရှိ တစ်ယောက်ဖြစ်ပြီး OS ထုတ်လုပ်ရေးရဲ့  ဒုတိယ ဥက္ကဋ္ဌ လည်းဖြစ်တဲ့ Terry Myerson က Windows 10 ကို ATM စက်တွေနဲ့ Ultrasound စက်ကိရိယာတွေမှာ ဘယ်လို အသုံးပြုနိုင် မလဲ ဆိုတဲ့ နည်းလမ်းကို ရှာဖွေပြီး ထုတ်လုပ်ထား တာဖြစ်တယ်လို့ သိရပါတယ်။
ဒါ့အပြင် အထူးခြားဆုံး ကတော့ Windows 10 ကို Android စနစ်ကို အသုံးပြုထားတဲ့ Xiaomo Mi 4 အမျိုးအစား ဖုန်းနဲ့ Download လုပ်နိုင်မှာဖြစ်ပါတယ်။ ဖုန်းမှာ တပ်ဆင်ဖို့ အတွက်တော့ မဟုတ်ပါဘူး။ Windows 10 ရဲ့  မိတ်ဆက် စနစ် ကို လေ့လာနိုင်အောင်ပဲ ဖြစ်ပါတယ်။ 


Credit : http://www.engadget.com
Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment