Powered by Blogger.

အမေရိကန် အခြေစိုက်စာနယ်ဇင်း သမားတွေရဲ့ အင်တာနက် စာမျက်နှာကို အီသီယိုးပီးယား လုံခြုံရေးအဖွဲ့က Hack ပြုလုပ်


အီသီယိုးပီးယား နိုင်ငံဟာ စာနယ်ဇင်း သမားတွေကို အကျဉ်းချတာ အများဆုံးဖြစ်သလို အာဖရိက တိုက်ရဲ့  နိုင်ငံရေး အခြေ အနေတွေ အပေါ် ဖိနှိပ်မှုတွေ အပြုလုပ်ဆုံးနိုင်ငံ တစ်နိုင်ငံ ဖြစ်လာနေပါပြီ။ အခုလည်း အီတလီ လုံခြုံရေး ခိုင်မာသော ဟက်ကာ အဖွဲ့ ထံမှ ရရှိထားတဲ့ Spyware ကို အသုံးပြုပြီး သူတို့ရဲ့ မတရား အုပ်ချုပ်မှုတွေကို ဖြန့်ကျက် လိုက်ပါပြီ။
 Eithiopian Satelllite Television Service(ESAT) လို့ခေါ်တဲ့ အမှီအခို ကင်းမဲ့သော စာနယ်ဇင်း သမား များအဖွဲ့ ရဲ့ အင်တာနက် စာမျက်နှာကို Information Network Security Agency(INSA) လို့ခေါ်တဲ့ အီသီယိုးပီးယား သတင်း အချက်အလက် လုံခြုံရေးအဖွဲ့က တိုက်ခိုက်ဖို့ ပစ်မှတ်ထား လိုက်ပြန်ပါပြီ။ ဒီလိုမျိုး အရှေ့ အာဖရိက တိုင်းပြည်ရဲ့ အပြင်က စာနယ်ဇင်း သမားတွေကို INSA ရဲ့ တိုက်ခိုက်မှုဟာ ဒုတိယ အကြိမ်မြောက်ဖြစ်ပါတယ်။
ဘာပဲဖြစ်ဖြစ် အခုလို အီသီယိုးပီးယား ရဲ့ ဆိုက်ဘာ တိုက်ခိုက်မှု ၂ ခုလုံးမှာ ရီမုကွန်ထရိုးစနစ် (RCS) ဆိုတဲ့ Spyware ကို အသုံးပြုပြီး တိုက်ခိုက်ခဲ့ တာဖြစ်တယ်လို့ သိရပါတယ်။ အီသီယိုးပီးယား အစိုးရ ရဲ့ ၂၀၁၃ ခုနှစ်တုန်းက တိုက်ခိုက်ခဲ့တဲ့ စာနယ်ဇင်းသမားတွေ အပေါ် ဆိုက်ဘာ တိုက်ခိုက်မှုဟာ အခုနောက်ဆုံး တစ်ကြိမ်မှာ အသုံးပြု ခဲ့တဲ့ Spyware တွေနဲ့ မတူဘူး ဆိုပေမယ့်လည်း အီတလီ ကုမ္မဏီက INSA ကို Software တွေ Update လုပ်ပေးလိုက်တဲ့ ပုံစံဖြစ်တယ်လို့ သိရပါတယ်။ 


Credit : http://www.engadget.com
Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment