Powered by Blogger.

Xperia Z စီးရီးဖုန်းများသာ Andriod 5.0 Lollipop ကို သုံးစွဲနိုင်မည်ဟု Sony ပြောကြား


Andriod 5.0 Lollipop ဗားရှင်းကို Xperia Z series ဖုန်းများတွင် Update ပြုလုပ်နိုင်မည် ဖြစ်ကြောင်း လွန်ခဲ့တဲ့ အပတ်က Sony ဘက်မှ ကြေငြာခဲ့သဖြင့် လူတိုင်း အံ့သြသွားခဲ့ရပါတယ်။ Andriod 5.0 Lollipop နှင့် ပတ်သတ်၍ Xperia Z series မှလွဲ၍ အခြားသော ဖုန်းများတွင် update မပြုလုပ်ရန် Xperia M2 အသုံးပြု သူများနှင့် တစ်ကွ အခြားသော Sony ဖုန်း အသုံးပြု သူများကို တောင်းပန်ခဲ့ပါတယ်။ 
Sony ၏ Twitter စာမျက်နှာတွင် လည်း Andriod 5.0 Lollipop ကို Xperia Z series အတွက်သာ Update ပြု လုပ်နိုင်မည် ဖြစ်ကြောင်း ပြောကြားကာ အခြားသော series များအတွက် လည်း တောင်း ပန် ခဲ့ ပါတယ်။ သို့သော်လည်း အခြားသော ဖုန်း series များအတွက်လည်း Update ပြုလုပ်နိုင်တော့ မည် ဖြစ်ကြောင်း အသုံးပြု  သူတစ်ဦးကို ပြန်လည်ပြောကြား ထားတာတွေ့ခဲ့ ရပြီး ဘယ်အချိန် ဘယ် series ဆိုတာ ကိုတော့ အတိအကျ  မသိခဲ့ရပါဘူး။ 
လက်ရှိ အချိန်မှာ အခြားသော ဖုန်းများအတွက် upgrade ပြုလုပ်ရန် ဘာတစ်ခုမှ မပြောနိုင်သေး ဘဲ နောက် ဆုံးရ သတင်းများကို ၄င်းတို့၏ ဘလောခ့်တွင် မျက်ချေ မပြတ် ကြည့်ရှုပေး ရန်လည်း Twitter ကတစ် ဆင့် ပြောခဲ့ ပါသေးတယ်။ လွန်ခဲ့တဲ့ လမှစ ၍ Sony သည် Xperia Z series အတွက် Andriod 5.0 Lollipop ကို update ပြုလုပ်နိုင်ရန် စတင်ခဲ့တာ ဖြစ်ပါတယ်။


Credit : http://gadgets.ndtv.com
Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment