Powered by Blogger.

စမတ်နာရီ မှတစ်ဆင့် Hyundai တံဆိပ် ကားတွေကို ထိန်းချုပ်နိုင်စေမည့် app


Hyundai အမှတ်တံဆိပ် မော်တော်ယာဉ် ပိုင်ဆိုင်ထားသူများ အတွက် သတင်းကောင်းတစ်ခု ထွက်ပေါ် လာပါတယ်။ အဲဒါကတော့ Blue Link ဆိုတဲ့ app တစ်ခုကို စမတ်နာရီတွေမှာ ထည့်သွင်းပြီး ထိုစမတ်နာရီ နဲ့ မိမိတို့ရဲ့ Hyundai ကားတွေကိုထိန်းချုပ်နိုင်တော့မှာပါ။ ထိုကဲ့သို့ စမတ်နာရီကတစ်ဆင့် Blue Link ရဲ့ app မှာ အသုံးပြုနိုင်မယ့် မော်တော်ကားရဲ့ လုပ်ဆောင်ချက် တွေကတော့ ကားတံခါးများကို အဖွင့် အ ပိတ် ပြု လုပ်နိုင်ခြင်း ၊ အင်ဂျင် စက်နှိုးခြင်းနှင့် ရပ်နားခြင်း ၊ ကားမီးဖွင့်နိုင်ခြင်း နှင့် ကားဟွန်းကို တီးစေနိုင်ခြင်း တို့ ကိုလုပ်ဆောင်နိုင်မှာဖြစ်တယ်လို့ သိရပါတယ်။ 
ထို စမတ်နာရီ နဲ့ ထိန်းချုပ်နိုင်မယ့် Hyundai ကားတွေကတော့ နောက် ဆုံး ထုတ် မော်ဒယ်လ်တွေ ဖြစ်နေ စရာမလိုပါဘူး။ ၂၀၁၂ ခုနှစ်ထုတ် Sonata ကားတွေအထိ အသုံးပြုနိုင်မှာဖြစ်တယ်လို့သိရပါတယ်။ GPS စနစ်နဲ့အတူ Blue Link နဲ့ချိတ်ဆက်ထားတဲ့ မိမိကားရဲ့ တည်နေရာကို လည်းဖော်ပြပေးနိုင်တဲ့အတွက် ကားပါကင် နေရာတစ်ခုခုမှာ မိမိကားကို အလွယ်တကူရှာနိုင်စေမှာပါ။
 Hyundai Motor ကုမ္မဏီရဲ့ အကြီး အကဲတစ်ယောက်ဖြစ်တဲ့ Frank Ferrara ကတော့ “ ဒီနည်းပညာ ဟာ ဂျိန်းစ် ဘွန်း ဖြစ် သွား သ လို ပါပဲ။ဒါမှမဟုတ်လည်း Star Trek ဇာတ်လမ်းထဲက Scotty လိုဖြစ်သွားစေပါတယ်” လို့ဆိုပါတယ်။ အခုထွက်ရှိလာတဲ့ app ဟာ Android စနစ်သုံး စမတ်နာရီ တစ်လုံးဖြစ်ပြီး Apple Watch တွေ အတွက် လည်း app တစ်ခုကိုထုတ်လုပ်ပြီး Hyundai ကားတွေနဲ့တွဲဖက်နိုင်ရန်စီစဉ်နေတယ်လို့လည်း Blue Link ကုမ္မဏီ ကဆိုပါတယ်။ 


Credit : http://www.engadget.com
Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment