Powered by Blogger.

Ikea ပရိဘောဂတွေက သင့်ဖုန်းတွေကို ကြိုးမဲ့အားသွင်းပေးတော့မည်


Ikea မှ ဝါယာကြိုးများ တပ်ဆင်ထားသော စားပွဲခုံများ၊ မီးအိမ်များမှ တဆင့် ဖုန်းများကို ကြိုးမဲ့ အား သွင်းနိုင်တော့ မည် ဖြစ်ပါသည်။ Qi ကြိုးမဲ့ နည်းပညာကို အသုံးပြုကာ လျှပ်စစ်အားသွင်းနိုင်သည့် ပရိဘောဂ ပစ္စည်း များကို ထုတ်လုပ်လိုက်ပြီ ဖြစ်ပါတယ်။ ဧပြီလမှ စ၍ ဥရောပနှင့် မြောက်အမေရိက တို့တွင် စတင်ဖြန့်ချိရောင်းချမှာ ဖြစ်ပြီး အဲ့နောက်ပိုင်းမှာ တစ်ကမ္ဘာလုံးကို ဖြန့်ချိမှာ ဖြစ်ပါတယ်။
 Ikea ကြိုးမဲ့ မန်နေဂျာဖြစ်သူ Jeanette Skjelmose က လူနေအိမ်တွေကို သုတေသနပြုတဲ့အခါမှာ လူတွေဟာ ကေဘယ်ကြိုးတွေ ရှုပ်နေတာကို မုန်းကြပါတယ်။ ပါဝါကုန်တဲ့အခါ အားသွင်းကြိုးရှာရတာလည်း အလုပ်တစ်လုပ်ပါပဲ အ ခုတီထွင်လိုက်တဲ့ ပရိဘောဂတွေက သူတို့ရဲ့ ဒုက္ခတွေကို သက်သာသွားစေအောင် လုပ်ဆောင်ပေးမှာပါလို့ ပြောကြားခဲ့ပါတယ်။


Credit :  http://news.sky.com
Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment