Powered by Blogger.

Mario Time! စမတ်ဖုန်း ဂိမ်းများ ပြုလုပ်မည့် Nintendo


ဂျပန်နိုင်ငံ ရှိ နာမည်ကျော် Nintendo ကုမ္ပဏီသည် ဂိမ်းစက် သီးသန့် အတွက် ထုတ်လုပ်နေရာမှ စမတ်ဖုန်း များဘက်သို့ ပြောင်းကာ ထုတ်လုပ်တော့မည်ဟု သိရှိရပါတယ်။ စမတ်ဖုန်း များအတွက် စူပါမာရီယို နှင့် ပိုကီမွန် ဇာတ်ကောင်လေး များကို ထုတ်လုပ်သူက တိုကျို အခြေစိုက် DeNA gaming ကုမ္ပဏီနှင့် ပူးပေါင်းကာ စမတ် ဖုန်းများ အတွက် ဂိမ်းများ ဖန်တီးရန် အဖွဲ့  ဖွဲ့နေပါတယ်။ 
Nintendo ကုမ္ပဏီမှ သူတို့၏ နာမည်ကျော် ဂိမ်း ဇာတ်ကောင် များကို စမတ် ဖုန်းများ အတွက် ဖန်တီးနိုင်ရန် DeNA ၏ ၁၀ရာခိုင်နှုန်း ခန့်ကို ယန်း ၂၂သန်း ခန့်ဖြင့် ဝယ်ယူရန် အစီစဉ်ရှိပါတယ်။ ရင်းနှီးမြှုပ်နှံသူတွေ အနေ နဲ့ဖြင့် ဈေးကွက် ကျယ်ပြန့် ဖို့ မျှော်လင့်ခဲ့တာ ကြာပြီဖြစ်သော်လည်း ပြီးခဲ့သော ကာလ များတွင် game console များသာ ထုတ် လုပ် ရမည် ဆိုသော Kenji Shiomaru ၏ Policy အရ ဈေးကွက်တွင်ကျယ်မှု မရှိခဲ့ပါ။ ခုခါ မှာတော့ ဈေးကွက် အကြိုက်လိုက်ပြီး ပြောင်းလဲ ထုတ်လုပ်တော့မှာ ဖြစ်ပါတယ်။


Credit : http://news.sky.com
Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment