Powered by Blogger.

ဈေးနှုန်း လည်းချိုသာပြီး 128GB ရှိတဲ့ Storage ထိ ထည့်သွင်းနိုင်မယ့် စမတ်ဖုန်းကို Samsung ထုတ်နိုင်လောက်


စမတ်ဖုန်းတွေ သုံးတဲ့အခါမှာ storage နည်းတဲ့ အတွက်ကြောင့် တော်တော် စိတ်ဒုက္ခရောက်ကြရပါတယ်။ လူတော်တော် များများဟာ ဂိမ်းတွေလည်း အများကြီး ထည့်ကစားချင်၊ သီချင်းတွေ ဗီဒီယိုတွေလည်း ထည့် ချင်ကြပါတယ်။ အဲ့အတွက် စိတ်ဒုက္ခရောက်နေ ရသူ များကို Samsung က ကူညီဖြေရှင်းပေးနိုင် မယ် လို့ မျှော် လင့်ရပါတယ်။
နာမည်ကျော် ဖုန်းကုမ္ပဏီတွေရဲ့  ပြိုင်ဆိုင်မှုတွေ ဟာ ခုနောက်ပိုင်းမှာ အလွန် များပြား လာပြီး အဲ့လို့ ယှဉ်ပြိုင် မှုတွေ အတွက် Samsung ရဲ့ ယခု အိုင်ဒီယာက လူတွေကို ဆွဲဆောင်နိုင်ရန်အတွက် အထောက် အကူပြုပေးနိုင်လောက်ပါတယ်။ Samsung က 3-bits-per-cell flash memory chip လေးတွေ ကို ကြေငြာခဲ့ပြီး ထိုအရာလေးတွေမှာ 128GB ခန့် သိုလှောင်နိုင် မှာဖြစ်ပါတယ်။
ထိုနည်းပညာ သည် eMMC နည်းပညာကို အခြေခံထားပြီး အများအားဖြင့် UFS format ပါရှိတဲ့ ဖုန်းများ (ဥပမာ အနေဖြင့် Galaxy S6) တွင် တွေ့ရမှာ ဖြစ်ပါတယ်။ data ဖတ်နှုန်းဟာ တစ်စက္ကန့်လျှင် 260MB ရှိနိုင်ပြီး ထိုမြန်နှုန်းနှင့် ပတ်သတ်၍ လူတိုင်း စိတ် ကြိုက်ဖြစ်နိုင် မယ်လို့လည်း မျှော်လင့်ရပါတယ်။ ထို့ကြောင့် ထိုနည်းပညာကို သုံးကာ Samsung အနေဖြင့် ငွေ ကုန်ကြေး ကျ သက်သာကာ လူကြိုက်နိုင်လောက် တဲ့ ဖုန်းတစ်လုံး ကို ထုတ်လုပ်နိုင်လောက် တယ်လို့ ခန့်မှန်းရပါတယ်။


Credit : http://www.engadget.com
Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment