Powered by Blogger.

S$169 ဖြင့် Xiaomi Redmi 2 စင်ကာပူကို ရောက်ပြီ


ယခုလ တွင် Xiaomi ရဲ့  Redmi 2 ကို စင်ကာပူမှာ စတင် ဝယ်ယူနိုင်ပြီ ဖြစ်ပါတယ်။ မတ်လ ၁၇ရက် ကစပြီး ဝယ်ယူ ရရှိနိုင်မှာ ဖြစ်ပြီး ရောင်းဈေးမှာ စင်ကာပူငွေ ၁၆၉ဒေါ်လာဖြစ်ပါတယ်။ လက်ရှိ ငွေကြေးဈေးနှုန်းနဲ့  တွက်ပါက အမေရိကန်ငွေကြေး ၁၂၂ဒေါ်လာ ဖြစ်ပါတယ်။ မျက်နှာပြင်မှာ ၄.၇လက်မ အကျယ် IPS မျက်နှာပြင်ဖြစ်ပြီး resolution မှာ 720p ဖြစ်ပါတယ်။
Qualcomm ၏ 64-bit Snapdragon 410 ကို သုံးထားကာ 8GB ထိ တိုးမြှင့်နိုင်သော သိုလှောင် မှု ပမာဏ လည်း ပါရှိပါတယ်။ သို့ပေမယ့် စင်ကာပူ မှာရောင်း မှာက 2GB/16GB ဗားရှင်းနှစ်ခု တွင် မည်သည့် version ဖြစ် မယ်ဆိုတာ ကိုတော့ မသိရသေးပါ။ 4G စနစ် တွင်လည်း အသုံးပြုနိုင်မည် ဖြစ်ကာ Dual Sim အသုံးပြု နိုင်မည့် ဖုန်း တစ်လုံးဖြစ်ပါသည်။ ဘက်ထရီ အနေဖြင့် 2200mAh ပမာဏ ရှိသောကြောင့် ကြာရှည် အသုံးခံ မှာတော့ အမှန်ပင်ဖြစ်ပါသည်။ မတ်လ ၁၇ရက်နေ့ နေ့လည်ကစပြီး အော်ဒါ စတင်မှာယူ ဝယ်ယူနိုင်မယ် လို့လည်း ကြားသိရပါတယ်။ 


Credit : http://www.gsmarena.com
Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment