Powered by Blogger.

Apple Watch တွင် ပါဝင်သည့် လူကြိုက်များနိုင်မည့် App ၁၁ခု


Apple ၏ ပထမဦးဆုံး ထုတ်လုပ်မည့် ဝတ်ဆင်နိုင်သည့် ပစ္စည်းတွင် app အမျိုးအစား မျိုးစုံပါ ဝင်ပြီး သေး ငယ်သော မျက်နှာပြင်နဲ့ သင့်တော်စေရန် အထူး ပြုလုပ်ရေးဆွဲထားရတာ ဖြစ်ပါတယ်။ လူကြိုက်များနိုင်မယ့် apps ၁၁ခု ကတော့ အောက်ပါ အတိုင်း ဖြစ်ပါတယ်။
1. Evernote : နာရီ မျက်နှာပြင်ပေါ်မှာတင် လိုအပ်တဲ့ အကြောင်း အရာတွေကို လျင်မြန်စွာ မှတ်သားထားနိုင် မည် ဖြစ်ပါတယ်။ 2. Salesforce : သင့်ကုမ္ပဏီ သို့မဟုတ် အရောင်း နယ်ပယ်က စီးပွားရေး အချက် အလက်တွေ ကို ဖော်ပြပေး မှာ ဖြစ်ပါတယ်။ 3. Uber : Uber ရဲ့ လူကြိုက်များတဲ့  car service နဲ့ သင့်ကို ချိတ်ဆက်ပေးမှာ ဖြစ်ပြီး လမ်းကြောင်းတွေ ကို လည်း ပြပေး မှာ ဖြစ်ပါတယ်။
4. NYTimes : လက်ရှိဖြစ်ပွားနေတဲ့ သတင်းအချက် အလက်တွေကို အချိန်နဲ့ တစ်ပြေး ညီ ဖော်ပြပေး မှာ ဖြစ်ပါတယ်။ 5. Facebook : News feed, Status နှင့် ဓာတ်ပုံတွေကို  မြင်တွေ့ရမှာ ဖြစ်ပါတယ်။ 6.Instagram : ဓာတ်ပုံတွေကို Like လုပ်ကာ ကြည့်ရှုနိုင်ပြီး comment လည်း ပေးနိုင်မှာ ဖြစ်ပါတယ်။ 7.Twitter : သတင်း အသစ်တွေ ကို စစ်ဆေးနိုင်ပြီး ပြန်လည် ပြောကြားနိုင်မှာလည်း ဖြစ်ပါတယ်။
8. WeChat : Apple Watch ကနေ message ပို့နိုင်မှာ ဖြစ်ပါတယ်။ 9. Nike + Running : သင်ပြေးခဲ့သော အကွာအဝေး၊ ကြာချိန် စတာတွေ ကို မှတ်သား တိုင်းတာပေးမှာ ဖြစ်ပြီး သီချင်းတွေ ကို လည်း Bluetooth သုံးကာ နားဆင်နိုင် မှာဖြစ်ပါတယ်။ 10. Shazam : app icon လေးကို ထိလိုက်ရုံဖြင့် iPhone မှာ နားထောင်နေ တဲ့ သီချင်းကို ဖွင့်ပေး မှာ ဖြစ်ပြီး နာမည်၊ သီဆိုသူနှင့် စာသားတွေ ကို ပါ ဖော်ပြပေး မှာ ဖြစ်ပါတယ်။ 11. ESPN : အားကစား နဲ့ ပတ်သတ်တဲ့ အချက် အလက်တွေနဲ့ သင့်ကြိုက်နှစ် သက်ရာ အသင်း၏ ရမှတ်တွေကို သိရအောင် လုပ်ဆောင်ပေး မှာ ဖြစ်ပါတယ်။ 


Credit : http://techcrunch.com
Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment