ယုံကြည်ရသော သတင်းစကားများ အရ Sony သည် Xperia Z4 ကို စက်တင်ဘာလ တွင် စတင်ရောင်း ချမည်မှာ မဟုတ်ဘူးလို့ ကြားသိခဲ့ရပြီး ပုံမှန်ထုတ်လုပ်သည့် ကာလထက် အနည်းငယ်နောက် ကျ မယ်လို့ ထင်မြင်ရပါတယ်။
ထုတ်လုပ်ရောင်းချပြီးသော Sony ၏ Xperia Z4 စီးရီး ဖုန်းများသည် ၆လ တစ်ကြိမ်ခန့် ထွက်ရှိခဲ့တာဖြစ်ပါတယ်။
ပစ္စည်းသစ် ထွက်ရှိရန် ပုံမှန် အားဖြင့် နှစ်ဝက်ခန့်သာ ကြာသောကြောင့် သုံးစွဲသူများ အကြားတွင် မည်သည် က သတင်း မှန်ဆိုတာကို အငြင်းပွား ဖွယ်ဖြစ်ပေါ်နေ ရပါတယ်။
စက်တင်ဘာလတွင် ထွက်ရှိမည်ဆိုတဲ့ Henset ဟာ IFA ပွဲအတွက် ပွဲထုတ်ခြင်းသာ ဖြစ်မယ်လို့ ခန့်မှန်းရပြီး ထိုပွဲကို ဒီနှစ် စက်တင်ဘာ ၄ရက် ကနေ ၉ရက် အတွင်း ကျင်းပမှာ ဖြစ်ပါတယ်။ ထွက်ရှိလာပါက Samsung ရဲ့ Galaxy Note 5 နဲ့ ဈေးကွက် တိုက်ပွဲတွေ မြင့်တက် လာဦးမှာလည်း ဖြစ်ပါတယ်။
လွန်ခဲ့တဲ့ အပတ်က Xperia Z4 tablet ကို ထုတ်ခဲ့ပြီး iPad Air 2 နဲ့ ယှဉ်ပြိုင်နိုင်တဲ့ Andriod ပစ္စည်း ဖြစ်လာခဲ့ပါတယ်။
Credit : http://www.uswitch.com/mobiles/news
0 comments:
Post a Comment