Powered by Blogger.

“Eavesdropping” ဘာဘီရုပ်လေးတွေကြောင့် ကိုယ်ရေး အချက်အလက် လုံခြုံရေးအတွက် ကြောက်လန့်နေရ


အသစ် ထုတ်လုပ်လိုက်တဲ့ ဘာဘီရုပ်လေးတွေဟာ သူတို့ ပိုင်ရှင် ပြောသမျှကို record လုပ် ထားနိုင်ပြီး ပြန်လည်ပြောကြားနိုင်တဲ့ အတွက်ကြောင့် ကိုယ်ရေးကိုယ်တာ အချက်အလက်တွေ လုံခြုံမှု အတွက် စိုးရိမ်နေရပါတယ်။ ဒီလို စိတ်ပျက်ကြောက်လန့် စရာကောင်းတဲ့ အရုပ်မျိုးကို ထုတ်လုပ်ခဲ့တဲ့ အတွက်လည်း လူတွေဟာ ထုတ်လုပ် သူတွေကို ကန့်ကွက်ရန် ကြိုးပမ်းနေကြပါတယ်။
ထို ဘာဘီရုပ်လေးများ တွင် မိုက်ခရို ဖုန်းထည့် သွင်းပေးထားပြီး အသံ အသိ အမှတ်ပြု ဆော့ဖ်ဝဲ ပါရှိပြီး “listen” လို့ ပြောလိုက်တာနဲ့ သူဟာ စတင်ပြီး record လုပ်မှာ ဖြစ်ပါတယ်။ အရုပ်မှာ ပါဝင်တဲ့ ခလုတ်လေး ကို နှိပ်လိုက် ရုံဖြင့် wifi နှင့် ချိတ်ဆက်ကာ audio ဖိုင်ကို cloud server မှာ မှတ်တမ်း တင်ပေး သွား မှာ ဖြစ်ပါတယ်။ ထုတ်လုပ်ဖန်တီးသူ Mattel က ဒီအရုပ်ကို ကလေးတွေရဲ့ သင်ကြားလေ့လာရေး အတွက် ရည်ရွယ် ထုတ်လုပ်ခဲ့တာ ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။
ဆန်ဖရန်စစ္စကို အခြေစိုက် Mattel နှင့် Toytalk က ဒီအရုပ်ကို ဖန်တီး ထုတ်လုပ်ခဲ့တာဖြစ်ပြီး Hello Barbie လို့ အမည်ပေးထား ခဲ့တာ ဖြစ်ပါတယ်။ သို့ပေမယ့် ဒီအရုပ်ကို ဆန့်ကျင်တဲ့ အဖွဲ့ကတော့ “Eavesdropping” Barbie လို့ အမည်တပ်ကာ ဆန့်ကျင်နေလျက်ရှိပါတယ်။


Credit : http://news.sky.com
Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment