Powered by Blogger.

Xiaomi Mi Note Natural Bamboo Edition မိတ်ဆက်


အင်္ဂါနေ့က ရရှိခဲ့တဲ့ သတင်း အရ Mi Note ၏ နောက်ကျောဘက်ကို ဝါးသုံးကာ ထုတ်လုပ်လိုက်ပြီလို့ သိရပါတယ်။ Xiaomi Mi Note Natural Bamboo Edition လို့လည်း ခေါ်ဝေါ်နေကြပါတယ်။ မတ်လ ၂၄ရက်နေ့ မှ စ၍ တရုတ်တွင် စတင် ဝယ်ယူနိုင်တော့မည်ဖြစ်ကာ ဝယ်ယူရန် အတွက် အင်္ဂါနေ့မှစ၍ စာရင်း သွင်းရမှာ ဖြစ်ပါတယ်။ အဓိက ဆွဲဆောင်လိုက်သည့် အရာမှာ ဝါးဖြင့် နောက် ဘက် ကာဗာပြုလုပ် ထား တာဖြစ်ပြီး ယခင် ကထက် ၀.၉ မီလီမီတာ ပိုထူသွားကာ အလေးချိန် ၅ဂရမ်ခန့် လျော့နည်းသွားပါတယ်။ ထိုနောက်ခံ ကာဗာကို ချောမွေ့စေရန် အတွက် လုပ်ဆောင်မှု အဆင့်ပေါင်း ၁၉ ဆင့် ခန့်ဖြင့် ပြုလုပ်ခဲ့ ရ တာ ဖြစ်ပါတယ်။
ထိုနောက်ခံမှလွဲ၍ ကျန်တာအားလုံးမှာ Xiaomi Mi Note နှင့် တူတူပဲဖြစ်ပါတယ်။ ၅.၇ လက်မ မျက်နှာပြင်ဖြစ် ကာ 2.5GHz ပရောဆက်ဆာကို သုံးထားပြီး ပင်မကင်မရာ 13MP နှင့် ရှေ့ကင် မရာမှာ 4MP ဖြစ်ပါတယ်။ android v 4.4 ကို သုံးထားကာ RAM အနေဖြင့် 3GB , Internal memory အနေဖြင့် 16GB ပါရှိပါတယ်။ ဘက်ထရီသက်တမ်းမှာမူ 3000mAh ဖြစ်သောကြောင့် သုံးပျော်သော ဖုန်းတစ်လုံးဖြစ်ပါတယ်။


Credit : http://gadgets.ndtv.com
Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment