Powered by Blogger.

Apple Watch ပေါ်တွင် Apple ငွေချေမှု စနစ်အလုပ်လုပ်ပုံ


Apple Watch ဟာသူ့ကို ၀တ်ဆင်ထားသူတွေ အတွက် အဓိပ္ပါယ် အများကြီးရှိပါတယ်။ အဓိကအနေနဲ့ အတွင်းရေးမှူး တစ်ယောက်၊ ကိုယ်ရေး လက်ထောက်တစ်ယောက်၊ ကျန်းမာရေး ဆိုင်ရာနည်းပြနဲ့ ပိုက်ဆံအိတ် စတာတွေ အဖြစ် တာဝန် ထမ်းဆောင်ပေးမှာပါ။ Apple ရဲ့ အောင်မြင်လှတဲ့ Apple Watch ကို ဧပြီလ ၂၄ရက်နေ့မှာ စတင်ဝယ်ယူလို့ အားပေးနိုင်မှာဖြစ်ပြီးငွေချေ လို့ရတဲ့ စက်တွေအဖြစ် အသုံးပြုနိုင်တော့ မှာပါ။
Apple Watch ကိုငွေပေးချေရေး စက်အဖြစ် အသုံးပြု ချင်တယ်ဆိုရင်တော့ မိမိရဲ့ iPhone ပေါ်ကနေ “Passport & Apple Pay” ရွေးချယ်ချက်ကို ဖွင့်ထားဖို့တော့ လိုပါတယ်။ ထိုမှ တစ်ဆင့် ကတ်တွေ ကို ကင်မရာ (သို့) လူကိုယ်တိုင် ကနေ အရေအတွက် ကြိုက်သလောက် မှတ်ယူထားနိုင်မှာပါ။ iPhone 6 နဲ့ iPhone 6 Plus ပေါ်မှာငွေပေးချေ မှုကိုအသုံးပြု ခဲ့ကြသူတွေ အတွက်လဲ ယခု Apple Watch မှာ လုပ်ငန်း စဉ် အနည်းငယ် ကွာခြားသွားမှု ရှိပါတယ်။ လက်ဗွေ လုံခြုံရေးစနစ်ကို မသုံးဘဲနဲ့ နာရီဘေးက ခလုတ် ကို နှစ် ချက်နှိပ်ပြီး မိမိသုံးလိုသည့် ကတ်ကိုရွေးချယ်နိုင်ပါသည်။ 


Credit : http://abcnews.go.com
Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment