Powered by Blogger.

သင့်ဖုန်းကို ဘယ်သူခေါ်နေတယ်ဆိုတာ ဖော်ပြပေးမယ့် Facebook ရဲ့ Android Caller ID app တစ်ခု “Hello”


လက်ရှိ စမတ် ဖုန်းတွေမှာ ပါဝင်တဲ့ caller ID ဟာ သင့်ကို ဘယ်သူ ဖုန်းဆက်နေတယ် ဘာကြောင့် ဖုန်း ဆက် နေတယ်ဆိုတာကို အတိအကျ အပြောနိုင်ပါဘူး။ ဒါဟာ ဖုန်းသရဲလား။ ဒါမှမဟုတ် သူငယ်ချင်း တစ်ယောက် ရဲ့ မွေးနေ့  ပွဲအကြောင်းပြောမလို့လား။

ဒါတွေအတွက် Facebook မှာ ဖြေရှင်းနိုင် တဲ့ အကောင်း ဆုံး နည်းလမ်းရှိပါတယ်။ အဲဒါကတော့ မကြာသေးမီကမှ ထွက်ရှိထားတဲ့ Hello ဆိုတဲ့ Android Caller ID app တစ်ခုပါပဲ။  ဒီ App က ဖုန်းခေါ်ဆိုသူ ကိုယ်တိုင် သူငယ်ချင်းတွေနဲ့ ဖြစ်စေ လူထု အားလုံး နဲ့  ဖြစ်စေ ဝေမျှ ဖို့ ဆန္ဒရှိ ထား တဲ့ Facebook ပေါ်က သတင်းအချက် အလက်တွေ ကို ဖော်ပြပေး မှာဖြစ် ပါတယ်။

ထိုဖုန်းခေါ်ဆိုသူ ဟာ သင်နဲ့ အခုမှ စပြီး ဖုန်းပြောဖူးမှာလား ၊ ဒါမှမဟုတ် အဲဒီ ဖုန်းနံပါတ်ကို ဘယ် သူတွေ က Block ဘယ် နှစ်ကြိမ်လောက် လုပ်ခဲ့ဖူးလဲ စတဲ့ သတင်းအချက် အလက်တွေကို ပါဖော်ပြပေးနိုင် သလို အလိုလျောက် Block ပေးတဲ့ စနစ်နဲ့ အတူ ထို ဖုန်းခေါ်ဆိုသူ ဘယ်သူလဲဆိုတာနဲ့ ဘယ် မှာနေလဲဆိုတာကို ပါဖော်ပြပေးမှာဖြစ်ပါတယ်။ Facebook ဟာ ထို Hello app ကို ဘရာဇီးလ်နိုင်ငံ ၊ နိုင်ဂျီးရီးယား နိုင်ငံ နဲ့ အမေရိကန် နိုင်ငံတို့မှာ စတင် ဖြန့်ချီထားတယ်လို့ သိရပါတယ်။ 

Credit : http://www.engadget.com
Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment