Powered by Blogger.

မည်သည့် သုံးစွဲသူနဲ့မဆို မက်ဆေ့ဂ်ျပေးပို့နိုင်မယ့် Twitter ရဲ့ Direct Message စနစ် အသစ်


တစ်ဖြည်းဖြည်း လူသုံးများလာတဲ့ Twitter ဟာ ပိုမိုကောင်းမွန်တဲ့ လုပ်ဆောင်ချက်တွေကို ထပ်မံ တိုးမြှင့် လိုက်ပြန်ပါပြီ။ တနလာင်္နေ့ကပဲ Twitter ကုမ္မဏီက ကြေညာခဲ့တာကတော့ Twitter သုံးစွဲသူအားလုံးဟာ အခြား Twitter သုံးစွဲသူ မည်သူကို မဆို message ပေးပို့နိုင်တဲ့ ရွေးချယ်ခွင့်ကို ရရှိပြီဖြစ်ပါတယ်။ ထိုဝန်ဆောင်မှု အတွက် အရင် ရှိပြီးသား Direct Message စနစ်ကို Upgrade ပြုလုပ် ဖို့ လိုအပ်မှာဖြစ် ပါတယ်။ ထို Direct Message စနစ်ဟာ Follower တွေနဲ့ မိမိ Follow ပြုလုပ် ထား သူတွေ ကိုသာ message ပေးပို့နိုင်ခဲ့တာဖြစ်ပြီး Upgrade ပြုလုပ်ပြီးတဲ့အခါ Twitter သုံးစွဲသူ မည်သူကို မဆို message ပေးပို့နိုင်မှာဖြစ်ပါတယ်။
ဒါပေမယ့် သုံးစွဲ သူတွေဟာ Upgrade ပြုလုပ်ပြီးတဲ့အခါမှာ “Security and Privacy Settings” စာမျက်နှာ အတွင်းမှာ “Receive Direct Message From Anyone” ဆိုတဲ့ စနစ်ကို ရွေးချယ်ရမှာ ဖြစ်ပါတယ်။ ထို စနစ်ကို အသုံးပြုမယ့် Twitter သုံစွဲသူတွေရဲ့ Profile Page မှာ New Direct Message ဆိုတဲ့ icon တစ်ခုကိုတွေ့ ရမှာဖြစ်ပါတယ်။ထိုစနစ်ကို ၂၀၁၃ ခုနှစ်မှာ စတင် မိတ်ဆက်ခဲ့ပြီး သုံးစွဲသူ အနည်းငယ်ကိုသာ စတင် စမ်းသပ်ခဲ့တာဖြစ်ပါတယ်။ အခု အခါမှာတော့ Twitter ရဲ့ ၂၈၈ သန်းသော လစဉ်သုံးစွဲသူ အားလုံးအတွက် အသုံးပြုနိုင်တော့မှာဖြစ်ပါတယ်။


Credit : http://elitedaily.com/news
Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment