Powered by Blogger.

HP ရဲ့ အသစ်ထွက်ရှိလာတဲ့ Notebook Spectre x 360


HP ရဲ့ အသစ်ထွက်ရှိလာတဲ့ Spectre x 360 ဟာ အပါးလွှာဆုံး notebook တစ်လုံးဖြစ်ပါတယ်။ ဒီ notebook ရဲ့  အပေါ်မှာတော့ Hewlett Packard ဆိုတဲ့ နာမည်ကို ရေးထိုးထားပါတယ်။ HP ဟာ ဒီ notebook ကို Windows ရေးဆွဲတဲ့ အင်ဂျင်နီယာ အဖွဲ့ ရဲ့ အကူ အညီနဲ့ ဒီဇိုင်းရေးဆွဲ ခဲ့တာဖြစ်ပါတယ်။ ၁၃ လက်မ ကျယ်ဝန်းပြီး ၃၆၀ ဒီဂရီ အထိ လှည့်နိုင်မယ့် မျက်နှာပြင် စနစ်ဟာ Lenovo ရဲ့ Yoga စီးရီး နဲ့ ဆင် တူနေပါတယ်။ 
ဒါ့အပြင် Intel ရဲ့   ၅ ခုမြောက် မျိုးဆက်ဖြစ်တဲ့ Broadwell ဆိုတဲ့ Processor ကို အသုံးပြု ထားပါတယ်။ ဒီ Processor ဟာ 2.2 GHz dual-core i5-5200 chip နဲ့ Dell XPS 13 8GB တို့ ပေါင်း စပ်ထား တာနဲ့ ညီမျှ တယ်လို့ သိရပါတယ်။ အဓိက ထူးခြားချက်ကတော့ ရေရှည် အသုံးခံတဲ့ ဘက်ထရီပဲဖြစ်မှာပါ။ 3-cell 56 wHr ပါဝင်တဲ့ အတွက်လည်း တစ်နေ့ကို အနည်းဆုံး ၁၁ နာရီခွဲ အသုံးခံ ပါတယ်။ intel HD Graphics 5000 GPUs ကို သုံးထားတဲ့ အတွက်လည်း ကောင်းမွန်တဲ့ ရုပ်ထွက်ကို ရရှိနိုင်မှာ ဖြစ်ပါတယ်။
ကိုယ်ထည် တစ်ခုလုံးကိုလည်း အလူမီနီယံနဲ့ ပြုလုပ်ထားသလို လှပတဲ့ ထုပ်ပိုးမှု အသွင် အပြင်တွေလည်း ပါဝင်ပါတယ်။ တစ်ခုတည်းသော အားနည်းချက် ကတော့ ၁၃ လက်မ ကျယ်ဝန်းနေ တဲ့ အတွက် အလေးချိန်ကလည်း အနည်းငယ်တော့ ပိုနေပါလိမ့်မယ်။ တောက်ပလွန်းတဲ့ HD မျက်နှာပြင်နဲ့ အတူ ကောင်းမွန်လှတဲ့ အသံ ထွက် စနစ်တို့လည်း ပါဝင်တဲ့အပြင် ဈေးနှုန်းကလည်း ဒေါ်လာ ၁၁၆၀ အထိ ပေးရမယ်လို့ သိရပါတယ်။ 


Credit : http://www.engadget.com
Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment