Facebook ဟာ လုပ်ဆောင်ချက်အသစ်တစ်ခုကို စမ်းသပ်နေ
Facebook ဟာ သူ့ရဲ့ တော်လှန်ရေးဆန်တဲ့ လုပ်ဆောင်ချက်အသစ်တစ်ခုကို စမ်းသပ်နေပြီး ထို လုပ်ဆောင်ချက် ဟာ မိမိ Friends တွေထဲကမှာ မိမိလိုချင်တဲ့ လုပ်ဆောင်ချက်တွေကိုပဲ News Feed မှာ ပြသဖို့ ရွေးချယ် နိုင်တဲ့ အခွင့်အရေးတွေ ရနိုင်မှာပါ။
လက်ရှိမှာ Facebook ဟာ မိမိရဲ့ လုပ်ဆောင်ချက်တွေကို အခြေခံထားတဲ့ ပုံသေနည်း တစ်ခု အရ News Feed ကိုဖော်ပြနေတာပါ။ အခုစမ်းသပ်နေတဲ့ လုပ်ဆောင်ချက် အသစ်မှာတော့ မိုဘိုင်းလ် ဖုန်းနဲ့ Facebook သုံးစွဲသူတွေကို ကိုယ်ချစ်တဲ့ သူတွေရဲ့ လှုပ်ရှားမှုတွေပဲ News Feed မှာ ပြသဖို့ ရွေးချယ်နိုင်တော့မှာပါ။
သင်နှစ်သက်တဲ့ သူငယ်ချင်းတွေနဲ့ စာမျက်နှာတွေကို ရွေးချယ်ပြီး သင့်ရဲ့ News Feed မှာ အမြဲတမ်းပြသနေအောင်လုပ်ဆောင်လို့ ရတော့မှာပါ။ အရင်လို ပုံသေနည်း အခြေခံ ဖော်ပြတဲ့ စနစ်က နေခွဲထွက်နိုင်မှာပါ။
ဒါပေမယ့်လည်း ထို လုပ်ဆောင်ချက် ကောင်းမွန်စွာ အသုံးပြုနိုင်ဖို့ နှစ်အနည်းငယ် စောင့်ရဦးမယ့် ပုံမှာ ရှိနေပါတယ်။ ဒါကြောင့် စိတ်ပျက်ဖို့ကောင်းတဲ့ News Feed ပုံသေနည်း ကနေ လွတ်မြောက်ခွင့်ပေးပါလို့ အော်ချင်နေသူတွေအတွက် တော့ စမ်းသပ်မှု အောင်မြင်ဖို့ ဆုတောင်း ရုံသာ ရှိပါတော့တယ်။
Ref : Engadget
0 comments:
Post a Comment