Powered by Blogger.

Website တွေရဲ့ အရောင်တွေကို ချိန်ညှိပေးမယ့် Chrome ရဲ့ Color Enhancer




သင်ဟာ ကာလာဘလိုင်း ဖြစ်နေသူ ၊ အရောင်တွေက မသဲကွဲတဲ့ သူတစ်ယောက် ဖြစ်နေမယ်ဆိုရင် တော့ ၀က်ဘ်ဆိုက်တွေဟာ သင့်အတွက် အပန်းဖြေ လို့ ကောင်းတဲ့ နေရာ တစ်ခုမဖြစ်နိုင်တော့ပါဘူး။

အဲဒီ ပြသနာ အတွက် Google က သင့်အတွက် အကောင်းဆုံးနည်းလမ်းကို ရှာပေးထားပါတယ်။ အဲဒါကတော့ အခုနောက်ဆုံး ထုတ်လုပ်ထားတဲ့ Chrome Extension တစ်ခုဖြစ်တဲ့ Color Enhancer ပဲ ဖြစ်ပါတယ်။

Color Enhancer က ကာလာ ဘလိုင်းဖြစ်နေသူတွေကို အရောင် မျိုးစုံ ကို မြင်နိုင်အောင် ချိန်ညှိပေးတဲ့ စနစ်တစ်ခုပဲဖြစ်ပါတယ်။ Color Enhancer ကို Download ပြုလုပ်ကာ Install လုပ်ပြီး add-on မှာထည့်သွင်း ကာ Chrome နဲ့ အတူတူ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

Color Enhancer ကို အသုံးပြုပြီး သင့်ရဲ့ မြင်နိုင်စွမ်းတွေကို အဆင့်ဆင့် ချိန်ဆပြီး ပြသမယ့် အရောင် အနေအထား ကို လိုသလို ညှိယူနိုင်မှာ ဖြစ်ပါတယ်။




Ref : Engadget


Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment