Powered by Blogger.

FIFA 16 ဂိမ်းမှာ အမျိုးသမီးဘောလုံးအသင်းတွေပါဝင်မယ်




ဆုရရှိထားတဲ့ ဗီဒီယို ဂိမ်းတစ်ခုဖြစ်တဲ့ FIFA 16 မှာ ပထမဆုံး အကြိမ် အဖြစ် အမျိုးသမီး ဘောလုံးအသင်းတွေကို ပါထည့်သွင်းသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

ပရိတ်သတ် တွေ ချစ်တဲ့ အင်္ဂလန် အမျိုးသမီး အသင်းအပါအ၀င် ကမ္ဘာ့လက်ရွေးစင် အမျိုးသမီး ဘောလုံး အသင်း ၁၂ သင်းကို EA SPORTS ကုမ္မဏီရဲ့ FIFA 16 ဗီဒီိယို ဂိမ်းတွေမှာ တွေ့ရတော့မှာပါ။

" ကျွန်မတို့တစ်သင်းလုံး EA SPORTS FIFA 16 မှာ ဂိမ်းဇာတ်ကောင်တွေ အဖြစ် ပါဝင်မှာပါ။ ဒါဟာအခုလာမယ့် ကမ္ဘာ့ဖလား နဲ့ အမျိုးသမီးတွေရဲ့ ဘောလုံးအားကစား အတွက်လည်း တစ်ကယ့်ကို စိတ်ဝင်စားစရာ ကောင်းပါတယ်။ အခုလို ပထမဆုံး FIFA ဗီဒီယို ဂိမ်းမှာ ပါဝင်ခွင့်ရခဲ့တာဟာ ထူးခြားခံစားမှု တစ်မျိုးပါပဲ" လို့ အင်္ဂလန် အမျိုးသမီး လက်ရွေးစင် အသင်းရဲ့ ခေါင်းဆောင် Steph Houghton က ဆိုပါတယ်။

အခုလို ဗီဒီယို ဂိမ်းထဲမှာ ပါဝင်ခွင့်ရတဲ့ ပထမဆုံး အမျိုးသမီး ဘောလုံးသမားတွေ ဖြစ်ရတာ ဟာ အရမ်းကို ဂုဏ်ယူစရာကောင်းပြီး ဒါဟာ အမျိုးသမီးတွေရဲ့ ကဏ္ဍ ကို မြှင့်တင်ပေးရာလည်းရောက်တယ်လို့ သူမကဆိုပါတယ်။

FIFA 16 ဗီဒီယို ဂိမ်းမှာတော့ သိပ်မကြာခင် အချိန်အတွင်းမှာ ပဲ ထွက်ရှိလာတော့မှာ ဖြစ်တယ်လို့ EA SPORTS ကုမ္မဏီ ကဆိုထားပါတယ်။

Ref : Mirror
Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment