Powered by Blogger.

Minecraft နဲ့ဆင်တူတဲ့ app အတု တွေမှာ ကြောက်စရာ ဗိုင်းရပ်စ်တွေပါဝင်နေ




၂.၈ သန်းခန့် အရေအတွက် ရှိတဲ့ စမတ်ဖုန်းနဲ့ တတ်ဘလတ် သုံးစွဲသူတွေဟာ Minecraft ဆိုတဲ့ app တစ်ခုကို ဒေါင်းလုဒ် ဆွဲ ကာ ဆော့ကစားခဲ့ကြပါတယ်။

ESET က Lukas Stefanko ဆိုသူက Minecraft ရဲ့ ခိုးနည်း လမ်းစဉ်တွေနဲ့ ဆက်စပ် application ပေါင်း ၃၃ ခုခန့်ကို Google Play Store မှာ ရှာဖွေတွေ့ရှိခဲ့ပါတယ်။

Minecraft app ကို တစ်ကြိမ်ဒေါင်းလုဒ်ပြုလုပ်လိုက်တိုင်းမှာ အခြား app အတုတွေကို သုံးစွဲသူတွေ ဒေါင်းလုဒ် ပြုလုပ်ခြင်လာအောင် ဖော်ပြပေးထားပြီး အမှန်တစ်ကယ်တော့ ထို app အတုတွေဟာ အလွန် အန္တရာယ်များတဲ့ ဗိုင်းရပ်စ် တစ်မျိုးကို ထည့်သွင်းထားတယ်လို့ သိရပါတယ်။

ထို ကြောက်ဖို့ကောင်းတဲ့ app တွေကိုတော့ လူတစ်ယောက်ထဲက ဖန်တီးထားပြီး မတူညီတဲ့ နာမည်တွေနဲ့ ပုံစံငယ်တွေ နဲ့ ဖန်တီးထားတာဖြစ်ပါတယ်။ အဲဒီ app တွေကို ၂၀၁၄ ခုနှစ် သြဂုတ်လမှာ ပထမဆုံးအကြိမ် upload လုပ်ခဲ့ပြီး အဲဒီ app တွေမှာ ညံ့ဖျင်းလှတဲ့ သုံးစွဲသူ မှတ်ချက်ပေါင်းများစွာကို ရရှိထားတယ်လို့ Stefanko ရဲ့ ပြောကြားချက်အရ သိရပါတယ်။

ထို app ပေါင်းများစွာကို တပ်ဆင်ထားကြတဲ့ အကြိမ်အရေ အတွက် ၁၀၀၀၀၀ ကနေ ၅၀၀၀၀၀ အထိ ရှိခဲ့ပြီး စုစုပေါင်း app ၃၃ ခုကို တပ်ဆင်ခဲ့တဲ့ အကြိမ် အရေအတွက်ဟာ ၆၆၀၀၀၀ ကနေ ၂.၈ သန်းထိ ရှိခဲ့တယ်လို့ သိရပါတယ်။

ထို app အတု တွေကို Google Play က ဖယ်ရှားဖို့ ကြိုးစားနေပြီး သုံးစွဲသူတွေအနေနဲ့ လုံခြုံရေး ဆော့ဖ်ဝဲ တစ်ခုခု ဖုန်းမှာ မတပ်ဆင်ထားရင်တော့ လုံခြုံစိတ်ချရတဲ့ အရင်းအမြစ်ဆီက app တွေကိုသာ ဒေါင်းလုဒ်ပြုလုပ် တပ်ဆင်ကြဖို့ နည်းပညာ ကျွမ်းကျင်သူတွေက သတိပေးထားကြပါတယ်။

Ref : Mirror
Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment