Powered by Blogger.

Google နဲ့ Twitter တို့ရဲ့ LIve Tweets အစီအစဉ်အသစ်




Google နဲ့ Twitter တို့ကပူးပေါင်းပြီး ဒီနေ့ပဲ ကြေညာခဲ့တဲ့ ၀န်ဆောင်မှု အသစ်ကတော့ အမေရိကမှာ ရှိတဲ့ မိုဘိုင်းလ် သုံးစွဲသူတွေကို Live Tweets တွေ စတင် ပေးသွားမယ့် အစီအစဉ်ပဲ ဖြစ်ပါတယ်။

Google ကနေ မိမိ ရှာဖွေလိုက်တဲ့ အရာနဲ့ ပတ်သက်တဲ့ Twitter မှလှုပ်ရှားမှုတွေ ကိုဖော်ပြပေး မှာဖြစ်ပါတယ်။ သင်က Google မှာ Taylor Swift လို့ ရိုက်လိုက်ရုံနဲ့ Taylor Swift နာမည်နဲ့ ပြုလုပ်ထားတဲ့ Twitter အကောင့်နဲ့ အခြား Taylor Swift နဲ့ ပတ်သက်တဲ့ Twitter လှုပ်ရှားမှုတွေကို တွေ့မြင်နိုင်မှာဖြစ်ပါတယ်။

ဒါ့အပြင် သင်ရှာဖွေလိုတဲ့ အရာရဲ့ နောက်မှာ Twitter ကိုပါ ပူးတွဲ ရိုက်နှိပ်လိုက်ရင်တော့ Twitter ရဲ့ Official Page တွေကို Google က ရှာဖွေပေးပါလိမ့်မယ်။ ဒါကြောင့် သင်က Google မှာ NASA Twitter လို့ ရိုက်ထည့်လိုက်ရင် NASA ရဲ့ Official Twitter စာမျက်နှာ ကို တွေ့မြင်နိုင်မှာ ဖြစ်ပါတယ်။

Google ရဲ့ တရားဝင် Twitter စာမျက်နှာ မှာ ကြေညာခဲ့တာကတော့ ဒီ အစီအစဉ် ဟာ နိုင်ငံတကာ မှာ တွင်ကျယ်လာပြီးတဲ့နောက်မှာတော့ Mobile ဗားရှင်းသာမကပဲ Desktop ဗားရှင်းမှာပါ ပြောင်းလဲပြုလုပ်သွားမှာ ဖြစ်တယ်လို့ တာဝန်ရှိသူတွေက ဆိုထားပါတယ်။

( Mario )

Ref : Engadget
Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment