Powered by Blogger.

Messenger မှာ ဂိမ်းတွေကို ထည့်သွင်းဖို့ Facebook စီစဉ်




အရင်တုန်းက ထွက်ခဲ့တဲ့ သတင်းတွေအရ Facebook ဟာ သုံးစွဲသူချင်း Chat ပြုလုပ်နိုင်တဲ့ Messenger မှာ ဂိမ်းတွေကို ထည့်သွင်းချင်တဲ့ အတွေး ရှိနေတုန်းပဲ လို့ သိရပါတယ်။

The Information သတင်းဌာန ရဲ့ ဖော်ပြချက်အရတော့ ကမ္ဘာ့လူသုံး အများဆုံးကွန်ရက် ဟာ ပိုမိုဆန်းသစ်ပြီး စိတ်ဝင်စားစရာကောင်းမယ့် ဂိမ်းတွေကို မက်ဆေ့ဂ်ျပေးပို့တဲ့ Platform ထဲမှာ ထည့်သွင်းနိုင်ဖို့ စီစဉ်နေပါတယ်။

Facebook ဟာ ဒါကို ဂိမ်းရေးဆွဲသူတွေနဲ့ တွဲပြီး အလုပ်လုပ်သွားဖို့ အစောကြီးကတည်းက ပြောပြီးသား ဖြစ်သလို ဒီစီမံကိန်းရဲ့ အမှုဆောင်အရာရှိဖြစ်တဲ့ Ilya Sukhar ကလည်း Messenger အသွင် အပြင်သစ်အတွက် အတည်ပြုပြောဆိုထားပါတယ်။

ဒီလို Messenger မှာ ဂိမ်းဆော့နိုင်ဖို့ စောင်းစားရင်းနဲ့ပဲ Messenger ရဲ့ လူသိများပြီးသား အစီအစဉ်သစ်တွေဖြစ်တဲ့ GIF တွေ ၊ Emoji တွေနဲ့ Facebook ရဲ့ chat ecosystem မှာ စီးမျောလို့ရနေပါသေးတယ်။

Ref : Engadget
Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment