Powered by Blogger.

iPhone တွေကို စာသားမက်ဆေ့ဂ်ျ ပေးပို့လိုက်ရုံနဲ့ ဖုန်းပျက်စီးသွားနိုင်


iPhone တွေကို ဖျက်ဆီးလို့ရနိုင်မယ့် စာသားမက်ဆေ့ဂ်ျ


Apple ရဲ့ မိုဘိုင်းလ် OS တွေဟာ ဖျက်ဆီးဖို့လွယ်ကူနေပါတယ်။ iPhone အသုံးပြုသူတွေထံသို့ စာသား မက်ဆေ့ဂ်ျ တစ်ခုပေးပို့လိုက်ရုံနဲ့ သူတို့ရဲ့ iPhone တွေကို ပျက်ဆီးသွား အောင်လုပ်လို့ရနေပါတယ်။

ထို စာသား မက်ဆေ့ဂ်ျကို iPhone တွေထံ ပေးပို့လိုက်ရုံနဲ့ iPhone တွေကို ဆက်တိုက် ဖွင့်လိုက် ပိတ်လိုက် ဖြစ်နေမှာ ဖြစ်ပြီး reboot ပြုလုပ်နေမှာပါ။

ဒါဟာ ကုန်ပစ္စည်းရဲ့ မှားယွင်းနေမှု တစ်ခုလို့လည်းဆိုလို့ရပါတယ်။ Mirror Online သတင်းဌာနက iPhone အချို့နဲ့ စမ်းသပ်ခဲ့ပေမယ့် iPhone တိုင်းကို တော့ ထိရောက်မှုမရှိခဲ့ပါဘူး။ တစ်ချို့ဖုန်းတွေကိုတော့ ထို မှားယွင်းမှုတွေ ဖြစ်စေနိုင်ပါတယ်။

မိမိ ရဲ့ iPhone ကို မထိခိုက်စေဖို့အတွက်ကတော့ Apple က ပြင်ဆင်နည်းကို မတွေ့မချင်း သင့်ဖုန်းရဲ့ မက်ဆေ့ဂ်ျတွေအတွက် အသိပေးမှုတွေကို ပိတ်ထားဖို့ နည်းလမ်းပဲ ရှိပါတယ်။

ထို မှားယွင်းမှုဟာ Apple ရဲ့ iOS 8 ကို အသုံးပြုတဲ့ ဖုန်းတွေပဲ ထိခိုက်မှုရှိနိုင်တာဖြစ်ပြီး Android နဲ့ Windows ဖုန်းတွေမှာတော့ ဘာထိခိုက်မှု မှ ရှိလာမှာ မဟုတ်ပါဘူး။

Apple ကလည်း နောက်လ မှာ ကျင်းပမယ့် WWDC  ဆိုတဲ့ နှစ်စဉ် Developer ကွန်ဖရင့်မှာ ဖန်တီးမှု အသစ်တွေ များစွာ ကို မိတ်ဆက်ဖို့ စီစဉ်ထားပြီး ထို မှားယွင်းမှု ကို ဖြေရှင်းနိုင်မယ့် နည်းလမ်းကို လည်း ဖော်ထုတ်သွားမယ်လို့ ထင်ရပါတယ်။

Ref : Mirror
Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment