Powered by Blogger.

Samsung ဖုန်းတစ်လုံး လောင်ကျွမ်းမှု ဖြစ်ပေါ်ခဲ့ခြင်းအတွက် ကုမ္မဏီ က စုံစမ်းစစ်ဆေးမှု ပြုလုပ်နေ




မိုဘိုင်းလ် ဖုန်း ကုမ္မဏီ ကြီးတစ်ခုဖြစ်တဲ့ Samsung ဟာ Samsung ဖုန်းသုံးစွဲသူတစ်ယောက်ရဲ့ ဖုန်းဟာ အပူလွန်ပြီး ဖုန်းပိုင်ရှင်ရဲ့ အကျီင်္တွေကိုပါ လောင်ကျွမ်းစေခဲ့တယ်လို့ ဆိုလာတဲ့အတွက် ထိုကိစ္စနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှု တစ်ခုကို ပြုလုပ်နေတယ် လို့ သိရပါတယ်။

ကိုယ်ဝန်အရင့်အမာ ရှိနေပြီဖြစ်တဲ့ အသက် ၂၇ နှစ်အရွယ် Joanne Whelan ဟာ သူမရဲ့ S3 mini မော်ဒယ်လ် ဖုန်းနဲ့ သူမရဲ့ အသက် ၄ နှစ်အရွယ် သမီးလေး Daisy ကို ဓါတ်ပုံရိုက်ပေးပြီး ဖုန်းကို သူမရဲ့ အကျီင်္ အိတ်ကပ်ထဲ ပြန်ထည့်ထားခဲ့ပါတယ်။

ကလေး ၂ ယောက်ရဲ့ မိခင်ဖြစ်တဲ့ Whelan ဟာ ၁၀ မိနစ်ခန့် အကြာမှာ နာကျင်မှုတစ်ခုကို ခံစားလိုက်ရပြီး သူမရဲ့ အကျီင်္ အိတ်ကပ်မှာလည်း အပေါက်ငယ် လေးတစ်ခု ဖြစ်ပေါ်နေတာကို တွေ့လိုက်ရပါတယ်။

"ကျွန်မရဲ့ ဖုန်းဟာ ပူလာတာကို ခံစားလိုက်ရပ်တယ်။ ကျွန်မရဲ့ အကျီင်္ကိုပါ လောင်သွားခဲ့ပါတယ်။ ကံကောင်းတာက ကျွန်မ ရော ကျွန်မရဲ့ သမီးပါ ဘာမှ မဖြစ်ခဲ့ပါဘူး။ အမှန်တော့ ကျွန်မသမီးက အဲဒီ ဖုန်းနဲ့ အမြဲဆော့နေတတ်တာပါ" လို့ Whelan က ဆိုပါတယ်။

သူမဟာ အချိန်မှီ သတိမထားမိခဲ့ပါက အကျီင်္တစ်ခုလုံးကိုရော သူမကိုပါ မီးလောင်သွားနိုင်တယ်လို့ သူမကဆိုပါတယ်။အဲဒီနောက်မှာ Whelan ဟာ West Health Primary Health Care စင်တာကို သွားရောက်ပြသခဲ့ရာမှာတော့ ဆရာဝန်က သူမကို ကိုယ်ဝန်ရှိနေတဲ့ အတွက် ပိုပြီး သတိထားသင့်တယ်လို့ ဆိုလာပါတယ်။

"Samsung ဟာ ၀ယ်ယူသူအားလုံးရဲ့ ဖြစ်ရပ်တွေကို အလေးထားပြီး ဆောင်ရွက်ပေးပါတယ်။ ကျွန်ုပ်တို့ရဲ့ Customer Service အဖွဲ့ဟာ Joanne Whelan နဲ့ ဆက်သွယ်ပြီး ထိုဖြစ်ရပ် ရဲ့ အသေးစိတ်အချက်အလက်တွေကို စုံစမ်းစစ်ဆေးနေပါပြီ" လို့ Samsung ရဲ့ တာဝန်ရှိသူ တစ်ဦးကဆိုပါတယ်။

Joanne Whelan ကိုတော့ Samsung ကုမ္မဏီ က အခြား ဖုန်းအသစ်တစ်လုံး ကို အစားထိုး ပြန်လည်ပေးအပ်ခဲ့တယ်လို့ Joanne Whelan က ဆိုပါတယ်။

Ref : Mirror
Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment