Powered by Blogger.

LG ရဲ့ လက်ရှိ အကောင်းဆုံး စမတ်ဖုန်း LG G4



၂၀၁၅ ခုနှစ်အတွက် LG က ထုတ်လုပ်လိုက်တဲ့ အပါးလွှာဆုံး စမတ်ဖုန်း အသစ် LG G4 ထွက်ပေါ်လာပါပြီ။ ဒီဖုန်းမှာတော့ ဆန်းသစ်တဲ့ လုပ်ဆောင်ချက်များစွာကိုထည့်သွင်းထားပြီး ရလဒ်တွေအရ ကုမ္မဏီ အတွက်  လက်ရှိအချိန်မှာ အကောင်းဆုံး ဖုန်းတစ်လုံး ပဲဖြစ်ပါတယ်။

ထောင့်စွန်းတွေကို အနည်းငယ် ကွေးထားတဲ့ ၅.၅လက်မ ကျယ်ဝန်းတဲ့ ဖုန်းဟာ 2560 x 1440 HD ပြသမှုကို ပေးစွမ်းနိုင်တဲ့အတွက် 1920 x 1080 ရုပ်ထွက်သာပေးနိုင်တဲ့ iPhone 6 Plus ထက်ပင် သာနေပါသေးတယ်။ LG G4 ကို ပုံစံ ၂ မျိုးနဲ့ ထုတ်လုပ်ထားပြီး တစ်မျိုးက ပလတ်စတစ် နောက်ကျောဖုံး နဲ့ ထုတ်လုပ်ထားကာ နောက်တစ်မျိုးကတော့ လယ်သာ စာအုပ်ပုံစံ ထုတ်လုပ်ထားတဲ့ Premium Version တို့ပဲဖြစ်ပါတယ်။

အခြား ပါးလွှာတဲ့ စမတ်ဖုန်းတွေဖြစ်တဲ့ Samsung Galaxy S6 နဲ့ HTC One M9 တို့ထက်သာတဲ့အချက်က နောက်ကျောဖုံးကို ဖွင့်လို့ရနိုင် တာပါပဲ။ ဒါကြောင့် နဂိုထည့်ပေးထားတဲ့ 3000 mAh ဘက်ထရီကို အဆင်မပြေရင် အသစ်တစ်ခုနဲ့ လဲလှယ် အသုံးပြုခွင့်ရနိုင်မှာပါ။

Snapdragon 808 processor ကို အသုံးပြုထားတဲ့အတွက်လည်း မြန်ဆန်တဲ့ အကောင်းဆုံး လုပ်ဆောင်ချက်တွေကို ရရှိနိုင်မှာ ဖြစ်ပါတယ်။ အထူးခြားဆုံးကတော့ ကင်မရာပါပဲ။ Super-Fast f/1.8 aperture ပါဝင်တဲ့အတွက်လည်း အလင်းရောင်မှိန်နေချိန်မှာ Laser Focus စနစ်ကို အသုံးပြုပြီး ရိုက်နိုင်မှာဖြစ်သလို သင့်ကို ဓါတ်ပုံဆရာတစ်ယောက် လိုပဲ RAW ဖိုင်အနေနဲ့လည်း သိမ်းထားခွင့်ပေးမှာဖြစ်ပါတယ်။

အခုလို ဆန်းသစ်တဲ့ လုပ်ဆောင်ချက်တွေနဲ့ ဖန်တီးထားတဲ့ LG ရဲ့ လက်ရှိ အကောင်းဆုံး စမတ်ဖုန်း LG G4 ရဲ့ ဈေးနှုန်းကတော့ ဒေါ်လာ ၆၅၀ ၀န်းကျင်မှာ ရှိပါတယ်။

Ref : Mirror


Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment