Powered by Blogger.

အစ္စရေး နဲ့ ပါလက်စတိုင်း ၂ နိုင်ငံ ချစ်ကြည်မှုတိုးလာစေတဲ့ Verona App




Tinder ကဲ့သို့သော စတိုင်လ် မျိုးရှိတဲ့ Verona အမည်နဲ့ ဒိတ်လုပ်တဲ့ app ဟာ အစ္စရေး နဲ့ ပါလက်စတိုင်း က ပြည်သူတွေကို တစ်ယောက်နဲ့ တစ်ယောက် ချစ်ကြည်ရင်းနှီးမှု ပိုမိုရစေခဲ့ပြီး အရှေ့အလယ်ပိုင်း ဒေသ ကို ငြိမ်းချမ်းရေး တစ်ရပ် ဖော်ဆောင်ပေးနိုင်ခဲ့ပါတယ်။

Verona app ဟာ တစ်ကယ်တော့ အစ္စရေး နိုင်ငံသားတွေနဲ့ ပါလက်စတိုင်း နိုင်ငံသားတွေကို ချစ်ကြိုက်မှုများ ဖြစ်ပေါ်စေရန် ၊ သူငယ်ချင်း ခင်မင်ရင်းနှီးမှုမျိုးရစေရန် နဲ့ ၂ နိုင်ငံ ချစ်ကြည်မှုတိုးလာစေရန် ဖန်တီးတည် ဆောက်ထားတာဖြစ်တယ် လို့ သိရပါတယ်။

ထို app ကို အသုံးပြုတော့မယ်ဆိုရင် Facebook က တစ်ဆင့် Log in ၀င်ရမှာဖြစ်ပြီး သုံးစွဲသူ က မိမိသည် အစ္စရေး (သို့) ပါလက်စတိုင်း နိုင်ငံသား ဖြစ်တာကို ရွေးချယ်ရပြီး ဆန့်ကျင်ဘက်နိုင်ငံသား နဲ့ ချိတ်ဆက်ပေးမှာ ဖြစ်ပါတယ်။

app က ချိတ်ဆက်ပေးသူကို မိမိ မကြိုက်မချင်း Swipe ပြုလုပ်ကာရွေးချယ်နိုင်ပြီး စိတ်တိုင်းကျတော့မှာ Chat စတင်ပြုလုပ်နိုင်ပါတယ်။

"အချစ်ရေးအားလုံး ရဲ့ အခြေခံက ဆက်ဆံရေး ကပဲဆိုတာ ကိုကျွန်တော် လုံးဝ ယုံကြည်ထားပါတယ်" လို့ ထို app ရဲ့ ဖန်တီးရှင်ဖြစ်သူ Matthew Nolan က Refinery 29 သတင်းဌာန ကို ဖြေဆိုခဲ့ပါတယ်။

ဒါပေမယ့်လည်း ထို app ဟာ ဘာသာ ၂ ခုကြားက ပဋိပက္ခ တွေကိုတော့ ဘာမှ ဖြေရှင်းပေးမှာ မဟုတ်ဘူးလို့ သိရပါတယ်။ ထို app ကို Google Play က တစ်ဆင့် ဒေါင်းလုဒ် ရယူနိုင်မှာပါ။

Ref : Mirror
Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment