Powered by Blogger.

ကမ္ဘာ့အပါးလွှာဆုံးနံရံကပ်တီဗွီတစ်လုံးကို LG ပြသ




ထို နံရံကပ် တီဗွီရဲ့ အလေးချိန်ဟာလည်း ၁.၉ ဂရမ်သာ ရှိပြီး အော်ဂန်းနစ် အလင်းရောင်ထုတ်လွှင့်မှု Diode ( OLED ) ပြသမှု စနစ် တပ်ဆင်ထားတယ်လို့လည်းသိရပါတယ်။

OLED စနစ်ဟာ ပါးလွှာပြီး LCD ၊ LED နဲ့ Plasma လို အခြား Display အမျိုးအစားတွေထက် ပိုမိုကောင်းမွန်ပြီး ထုတ်လုပ်ဖို့အတွက် အကုန်အကျများတဲ့ Display အမျိုးအစားဖြစ်တယ်လို့ သိရပါတယ်။

ထိုတီဗွီဟာ သံလိုက် ပြားတွေနဲ့ ပူးတွဲထားတာဖြစ်တဲ့အတွက် နံရံတွေမှာ အလွယ်တကူ တပ်ဆင်နိုင်သလို ပြန်ဖြုတ်ရတာလည်း လွယ်ကူစေမှာပါ။ LG ရဲ့ နောက်ဆုံးထုတ်လုပ်ထားတဲ့ ၄.၃ မီလီမီတာ ထူတဲ့ ၅၅ လက်မ OLED တီဗွီထက်ပင်ပါးလွှာနေတာကိုတွေ့ရမှာပါ။

တစ်ကယ်တော့ ထို တီဗွီဟာ LG ကုမ္မဏီရဲ့ OLED နည်းပညာ ကိုမိတ်ဆက် ပြသရန် ထုတ်လုပ်ထားခြင်းသာဖြစ်ပြီး ထုတ်ကုန် တစ်ခုအနေနဲ့ ထုတ်လုပ်မယ့် အစီအစဉ်ကိုတော့ LG က မကြေညာ ထားသေးပါဘူး။

ထိုတီဗွီကို စမ်းသပ်ပြသခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာတော့ LG ကုမ္မဏီ ရဲ့ ဥက္ကဋ္ဌ ဖြစ်တဲ့ Yeo Sang-deog က သတင်းထောက်တွေကို ပြောကြားခဲ့တာကတော့ LG ကုမ္မဏီဟာ OLED နည်းပညာ သုံး တီဗွီတွေကို အဓိက ထုတ်လုပ်ရောင်းချသွားမှာ ဖြစ်ပြီး ဒီနှစ်မှာ အလုံးရေ ၆ သိန်းကျော် ရောင်းချနိုင်ဖို့ စီစဉ်ထားပြီး ၂၀၁၆ ခုနှစ်မှာ ၁.၅ သန်းအထိ ထုတ်လုပ်ရောင်းချသွားမယ်လို့လည်းဆိုပါတယ်။

ဒီနှစ် အကုန်မှာတော့ ၉၉ လက်မ ကျယ်တဲ့ ဧရာမ တီဗွီ တစ်မျိုးကို ထုတ်လုပ်သွားဦးမယ်လို့ ဆိုပါတယ်။

( Mario )

Ref : Mirror
Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment