Powered by Blogger.

Chrome browser ရဲ့ လုပ်ဆောင်ချက်တွေကို မြန်ဆန်သွားစေမယ့် Great Suspender App




သင်ဟာ Google ရဲ့ Chrome Browser ကိုသုံးနေပြီး Tab တွေ အများကြီးကို ဖွင့်ထားမိတဲ့အခါမှာ သင့်ကွန်ပျူတာရဲ့ လုပ်ဆောင်ချက်တွေက နှေးနေမှာ သေချာပါတယ်။

တစ်ကယ်တော့ Chrome ဟာ ကောင်းမွန်တဲ့ Feature တွေနဲ့ apps တွေ အများကြီးရှိပြီးသားပါ။ ဒါတွေက သင့်ကွန်ပျူတာကို ချောမွေ့စွာ လုပ်ဆောင်နိုင်ဖို့ လိုအပ်တဲ့ Memory တွေကို ဖန်တီး ပေးနိုင်ပါတယ်။

အဲဒီအတွက် သင်ဟာ Chrome ရဲ့ Memory တွေကောင်းမွန်လာအောင် Windows ကွန်ပျူတာရဲ့ Task Manager ( Apple ကွန်ပျူတာအတွက် Activity Monitor) ကိုဖွင့်ပါ။ ပြီးရင် တော့ သင့်ရဲ့ Chrome Browser မှာ ဖွင့်ထားတဲ့ tab တွေကို အသုံးမပြုသေးတဲ့ အချိန်တွေမှာ ဆိုင်းငံ့ ထားပေးမယ့် browser extensions တွေ ရှိပါတယ်။

ထို extension ကတော့ သင် ၀က်ဘ် ရှာဖွေရေး ပြုလုပ်နေချိန်မှာ Memory ပမာဏတွေကို လျှော့ချပေးမှာ ဖြစ်ပြီး သင့်ရဲ့ ကွန်ပျူတာဟာလည်း ပိုမို မြန်ဆန်စွာ လုပ်ဆောင်နိုင်သွားမှာပါ။ အဲဒီလို ဖြစ်ဖို့အတွက် လိုအပ်တာကတော့ Chrome Store ကနေ Great Suspender App ကို ဒေါင်းလုဒ် ပြုလုပ်ပြီး သင့် Browser အတွင်း မှာ ခလုတ်တစ်ခုအနေနဲ့ ဖန်တီးလိုက်ဖို့ပါပဲ။

ထို App က သင့်ရဲ့ ကွန်ပျူတာ လုပ်ငန်းဆောင်ရွက်ချက်တွေ နှေးသွားတဲ့အချိန်မှာ မလိုအပ်တဲ့ memory တွေကို ဆိုင်းငံ့ထားပေးမှာ ဖြစ်ပါတယ်။



( Mario )

Ref : Mirror

Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment