Powered by Blogger.

Microsoft က အရည်အသွေးမြင့် Windows ဖုန်း ၂ လုံးကို ထုတ်လုပ်ဖို့ ပြင်ဆင်





Microsoft ကုမ္မဏီဟာ Windows 10 ကို ထုတ်လုပ်ပြီးတဲ့နောက် Windows 10 စနစ်ကို ထည့်သွင်းအသုံး ပြုနိုင်မယ့် အရည်အသွေး မြင့် Windows ဖုန်းတွေကို ထုတ်လုပ်ဖို့ ပြင်ဆင်နေပါ တယ်။

ကမ္ဘာကျော် နည်းပညာ သတင်းဌာန တွေဖြစ်တဲ့ Unleash The Phones နဲ့ The Verge တို့ကလည်း Microsoft ကနေ အသစ်ထပ်မံထုတ်လုပ်မယ့် အရည်သွေးမြင့် Windows ဖုန်းတွေအကြောင်းကို ရေးသား ဖော်ပြခဲ့ဖူးပါတယ်။ အဲဒီဖုန်းတွေကတော့ Cityman နဲ့ Talkman လို့ နာမည်ပြောင်တွေပေးထား ပြီး Redmond Crew က ဦးဆောင် ဖန်တီး ထုတ်လုပ်နေတာပဲဖြစ်ပါတယ်။

အခုထပ်မံ ထွက်ရှိလာမယ့် Windows ဖုန်းတွေမှာ တော့ Quad HD Screen တွေ ၊ 3GB ရှိတဲ့ RAM တွေ ၊ 20 Megapixels အထိရှိတဲ့ အနောက်ကင်မရာ ၊ 5 Megapixels ရှိတဲ့ အရှေ့ကင်မရာ နဲ့ 32GB အထိ တိုးမြှင့် နိုင်မယ့် ပြင်ပ သိုလှောင်ပမာဏ တို့ပါဝင်မှာ ဖြစ်တယ်လို့ သိရပါတယ်။

မျက်နှာပြင် အကျယ်အ၀န်းနဲ့ CPU အခြေအနေတွေကို နှိုင်းယှဉ်ပြောရရင်တော့ Talkman ဟာ သာမန် အရွယ်အစား မျိုးဖြစ်ပြီး မျက်နှာပြင် ၅.၂ လက်မ ကျယ်ဝန်းပြီး LG G4 ရဲ့ Snapdragon 808 လိုမျိုး six-core processor ကို အသုံးပြုထားပါတယ်။

Cityman ရဲ့ မျက်နှာ ပြင်အရွယ်အစား ကတော့ ၅.၇ လက်မ ကျယ်ဝန်းပြီး Snapdragon 810 Chips တွေလိုမျိုး eight-core processor ကို အသုံးပြုထားပါတယ်။ ဒီဖုန်း ၂ လုံးစလုံး ရဲ့ အားသာချက်ကတော့ ကင်မရာပါ။ စမတ်ဖုန်းတွေတိုင်းရဲ့ ကင်မရာတွေမှာ flash ကို အဆင့် ၂ ဆင့် သာ ရွေးချယ် အသုံးပြုနိုင်ပေမယ့် အသစ်ထွက်ရှိလာမယ့် Cityman နဲ့ Talkman တို့မှာတော့ flash အဆင့် ၃ ဆင့် ရွေးချယ် အသုံးပြု နိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။

Ref : engadget
Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment