Powered by Blogger.

ဂန္တ၀င် ဂိမ်းတီထွင်သူ Sid Meier ရဲ့ Super NES developer ပစ္စည်း အစုံလိုက်ကို လေလံတင် ရောင်းချ



လေလံတင်ရောင်းချမည့် Super Nes Developer Kit

ဗီဒီယို ဂိမ်း သမိုင်းမှာ အရေးပါခဲ့တဲ့ အစိတ်အပိုင်းတစ်ခုကို သင်အမှတ်တရ လိုချင်မိပါသလား? ဂန္တ၀င် ဂိမ်းတီထွင်သူ Sid Meier က သူ့ရဲ့ Super NES developer ပစ္စည်း အစုံလိုက်ကို အလှုဒါန တစ်ခုအတွက် လေလံတင် ရောင်းချသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

အဲဒီ ပစ္စည်းတွေဟာ သာမန် ကွန်ပျူတာတွေနဲ့ တူညီပေမယ့်လည်း အပြင်မှာ ကိုယ့်ဘာသာကိုယ် ရှာဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ Sid Meier ကိုယ်တိုင် သူ့ရဲ့ MicroProse နေ့ရက်တွေမှာ အသုံးပြုခဲ့တဲ့ ကွန်ပျူုတာလည်းဖြစ်ပါတယ်။ 

အဲဒီကွန်ပျူတာဟာ လူငယ်ထုကြားထဲအောင်မြင်မှု ရရှိခဲ့တဲ့ Civilization ဂိမ်းရဲ့ အစောပိုင်း ဗားရှင်းတွေကို တည်ဆောက်ဖန်တီးစဉ် က စနစ်တစ်ခုအနေနဲ့ အသုံးပြုခဲ့တယ်လို့လည်း သိရပါတယ်။

လေလံတင်ရောင်းချတယ်ဆိုပေမယ့်လည်း Credit Card နဲ့ အကြွေးဝယ်ယူလို့ရနိုင်မယ်လို့တော့ မထင်လိုက်ပါနဲ့။ Sid Meier က ထို ပစ္စည်းတွေကို စစ်မှန်တဲ့ PayPal အကောင့်ရှိတဲ့ eBay သုံးစွဲသူတွေကိုသာ ရောင်းချသွားမှာ ဖြစ်ပြီး ဒေါ်လာ ၅,၉၉၉ ကျပ် က စတင်လေလံ ဈေးခေါ်ထားပါတယ်။

သင့်အနေနဲ့ လူတစ်ယောက် အသုံးပြုပြီးသား ပစ္စည်းတစ်ခုကို ဒီလောက် ဈေးကြီးပေးဝယ်ဖို့ အထိ မတန်ပေမယ့်လည်း ဒီပစ္စည်းရောင်းရငွေဟာ စိန့်ဂျုဒ် ကလေးငယ်များဆိုင်ရာ သုတေသန ဆေးရုံကို လှုဒါန်းမှာ ဖြစ်နေပါတယ်။ 

ဂန္တ၀င် ဂိမ်းတီထွင်သူကြီး Sid Meier


Ref : Engadget
Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment