Powered by Blogger.

Osama bin Laden ဟာ Delta Force: Xtreme 2 ရဲ့ ပရိတ်သတ် တစ်ယောက်ဖြစ်နေ




အကြမ်းဖက်ခေါင်းဆောင်ကြီး Osama bin Laden ဟာ အမေရိကန် တပ်ဖွဲ့တွေ လိုက်ရှာနေတာကို ရှောင်ပုန်းနေချိန်မှာ အနောက်နိုင်ငံတွေကို အကြမ်းဖက်တိုက်ခိုက်ဖို့ ဘာလို့ မတွေးနေခဲ့တာလဲ ဆိုတော့ သူဟာ ဗီဒီယို ဂိမ်း ဆော့နေလို့ပါ။

bin Laden ရဲ့ ရှောင်တိမ်းပုန်းခိုရာ နေရာကို ၀င်ရောက် ဖမ်းဆီးခဲ့တဲ့ Navy SEALS အဖွဲ့ရဲ့ ရှာဖွေတွေ့ရှိမှု စာရွက်စာတမ်းတွေကို အမေရိကန် အစိုးရက တစ်ကမ္ဘာလုံး ကို ထုတ်ပြန်ကြေညာခဲ့ပါတယ်။

ဘင်လာဒင် ရဲ့ စာအုပ်စင် လို့နာမည်ကြီးနေတဲ့ Osama bin Laden ပုန်းခိုရာ နေရာက ရရှိခဲ့တဲ့ ပစ္စည်းတွေထဲမှာတော့ ဗီဒီယို ဂိမ်းအချို့နဲ့ ဗီဒီယို ဂိမ်းဆော့နည်းစာအုပ်တွေ ပါဝင်နေပါတယ်။

အဲဒီထဲမှာတော့ ၂၀၀၉ ခုနှစ်က ထွက်ခဲ့တဲ့ Delta Force: Xtreme 2 ရဲ့ ဝေဖန်မှုတွေ ၊ ဂိမ်းဆော့နည်း လမ်းညွှန်တွေပါဝင်နေပါတယ်။ ဘာကြောင့် သူ ဂိမ်းဆော့နည်းတွေ စုဆောင်းထားရတာလဲဆိုတော့ Osama bin Laden ရဲ့ ပုန်းခိုရာနေအိမ်ဟာ အင်တာနက် နဲ့ တယ်လီဖုန်း ဆက်သွယ်မှုတွေ အားလုံး ဖြတ်တောက်ထားရလို့ပါ။ သူ ဂိမ်းဆော့နည်းကို အွန်လိုင်းမှာ ရှာလို့ မရခဲ့ပါဘူး။

ဒီဂိမ်းဆော့နည်းတွေဟာ bin Laden ပဲ ဆော့ဖို့ ၀ယ်ထားတာလား bin Laden ပုန်းခိုရာနေရာမှာ အခြားမိသားစု ၀င်တစ်ယောက်ပဲ ရှိနေခဲ့ဖူးတာလားဆိုတာတော့ မသိရပါဘူး။ ဒါပေမယ့်လည်း Osama bin Laden အနေနဲ့ သေနတ် သမား တစ်ယောက် အဖြစ် ဆော့ရတဲ့ First Person Shooter ဂိမ်း Delta Force: Xtreme 2 ကို ကြိုက်ခဲ့တာကတော့ ဖြစ်နိုင်ချေရှိမှာပါ။

( Mario )

Ref : Mirror
Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment