Powered by Blogger.

၁.၆ သန်းအရေအတွက်ရှိတဲ့ အရောင်တွေ တောက်ပနေမယ့် Firefly Mouse Pad




သင့်ရဲ့ Mouse Pad က သိပ်ပြီး သုံးချင်စရာကောင်းလောက်အောင် အထာမကျဘူးလား။ Razer အမှတ်တံဆိပ်ကတော့ Mouse Pad တွေကို လှပနေဖို့လိုတယ်လို့ တွေးထားပုံရပါတယ်။

အခုလည်း Razor က အသစ်ထုတ်လုပ်လိုက်တဲ့ Firefly အမည်ရတဲ့ Mouse Pad ဟာ အောက်ခြေကနေ ၁၆.၈ သန်း အရေအတွက်ရှိတဲ့ အရောင်တွေကို တောက်ပ နေစေမှာပါ။ ပြီးတော့ ဒီ Firefly ဆိုတဲ့ Mouse Pad ဟာ Razor ရဲ့ Chroma-badged peripherals လို့အမည်ပေးတင်စားထားတဲ့ အကောင်းဆုံး Gaming ကီးဘုတ် ၊ အကောင်းဆုံး Gaming Mouse တို့နဲ့ အမျိုးအစား တူ ပုံစံ တူ ထဲက ဖြစ်ပါတယ်။

သေချာတာတစ်ခုကတော့ ဒီ Firefly Mouse Pad ဟာ လက်ရှိ ထုတ်လုပ်ထားဖူးသမျှ Mouse Pad တွေအားလုံးထဲမှာ ဈေးအကြီးဆုံးဖြစ်နေမှာပါ။ ဇွန်လမှာ စတင်ပြီးတင်ပို့ရောင်းချမယ့် Firefly Mouse Pad ဟာ တစ်ခုကို ဒေါ်လာ ၆၀ တန်ဖိုးရှိနေပါတယ်။ 

သင့်ရဲ့ PC Case ကလည်း LED အလင်းရောင်တွေတောက်ပနေတဲ့ ဒီဇိုင်းသာ ဆိုရင်တော့ ဒီ Firefly Mouse Pad နဲ့ လုံးဝ ကွက်တိဖြစ်နေမှာပါ။

Ref : Engadget
Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment