Powered by Blogger.

Playboy က အဖော်အချွတ်နဲ့ ဆိုင်တဲ့အရာတွေကို ဖော်ပြမှာ မဟုတ်တဲ့ App တစ်ခုကိုထုတ်လုပ်




ကမ္ဘာကျော် Porn ကုမ္မဏီ တစ်ခုဖြစ်တဲ့ Playboy ဟာ တိုးတက်လာတဲ့ နည်းပညာ လောကအတွက် ဒစ်ဂျစ်တယ် မီဒီယာ စီးပွားရေးလုပ်ငန်းကို ဦးတည်လာပါတယ်။

iOS နဲ့ Android စနစ်သုံး စမတ်ဖုန်းတွေ အားလုံးအတွက် app အသစ်တစ်ခုကို Playboy ကထုတ်လုပ်လိုက်ပါတယ်။

ဒါပေမယ့်လည်း ဝေဖန်ခံရနိုင်တဲ့ ပြသနာတွေကိုတော့ Playboy က ကြိုတင်ရှောင်ကြဉ်ကာ အခုထုတ်လုပ်မယ့် app ဟာ "SFW" (Safe for Work) ဖြစ်တယ်လို့ ဆိုလိုက်ပါတယ်။

အကြောင်းအရင်းကတော့ Google နဲ့ Apple တို့ စည်းကမ်းသတ်မှတ်ချက်တွေနဲ့ အညီ  Playboy က ထုတ်လုပ်တဲ့ ထို app အသစ်ဟာ အဖော်အချွတ်နဲ့ ဆိုင်တဲ့အရာတွေကို ဖော်ပြမှာ မဟုတ်ပါဘူး။

ထို app မှာတော့ အမျိုးသားတွေအတွက် အကျိုးရှိစေမယ့် လူနေမှုပုံစံတွေ နဲ့ သတင်းတွေကို ပဲ ဦးတည်ထားတဲ့ ဆောင်းပါးတွေ နဲ့ မာတိကာ တွေသာ ဖော်ပြမှာ ဖြစ်ပါတယ်။

" ဒီ app ဟာ မူလ မာတိကာတွေကို ရောစပ်ထားတာပါ။ Playboy.com က အထူးရေးသားထားတဲ့ မာတိကာတွေကို Playboy ရဲ့ ဖောက်သည်တွေ အတွက် အသုံးဝင်မယ့် မတိာကာတွေကို အဖြစ်ပြန်လည် ဖန်တီးထားတာဖြစ်ပြီး ကြော်ငြာ ပိုင်ရှင်တွေ အတွက် အခွင့်အရေး ရနိုင်ဖို့ပဲ အသုံးပြုသွားမှာပါ" လို့ Playboy ကုမ္မဏီ ပိုင်ရှင် Cory Jones က ဆိုပါတယ်။

Porn ဇာတ်လမ်းထုတ်လုပ်ရေးမှာ အထင်ကရ ဖြစ်ခဲ့တဲ့ Playboy ကုမ္မဏီဟာ Porn ဇာတ်လမ်းတွေထုတလုပ်ဖို့ထက် ဘ၀နေထိုင်မှု ပုံစံ တွေ ဘက်ကိုသာ ပြောင်းလဲဦးတည်လာနေပြီး အခုထုတ်လုပ်လိုက်တဲ့ App အသစ်ဟာလည်း အခမံ့ ဒေါင်းလုဒ် ပြုလုပ်နိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။

( Mario )

Ref : Mirror
Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment