Powered by Blogger.

အရည်အသွေးမြင့်ပြီး ဈေးနှုန်းသက်သာတဲ့ Vodafone ရဲ့ Smart 4 Max




Vodafone က ထုတ်လုပ်လိုက်တဲ့ မျက်နှာပြင် ၆ လက်မ ကျယ်ဝန်းတဲ့ Smart 4 Max ဟာ phablet ဈေးကွက်ကို ၀င်ရောက်လာပါပြီ။

Smart 4 Max ဟာ Android 4.4 KitKat စနစ်ကို အသုံးပြုထားပြီး Qualcomm Snapdragon 1.2GHz quad-core processor ကို အသုံးပြုထားတဲ့အတွက် apps တွေ အများကြီး လုပ်ဆောင်နေစဉ်မှာ စံထားရလောက်တဲ့ တင်ဆက်မှုမျိုးကို ပေးစွမ်းနိုင်မှာပါ။

ဒါ့အပြင် 1280 x 720 Pixels ကြည်လင်ပြတ်သားမှု ရှိတဲ့ IPS မျက်နှာပြင်ဟာ တောက်ပနေပြီး နေရောင်ချည်အောက်မှာပါ ကောင်းစွာ အလုပ်လုပ်နိုင်မှာပါ။

Smart 4 Max ရဲ့ အမြင့်ဟာ ၆၄ မီလီမီတာ ရှိပြီး ၈၃.၄ မီလီမီတာ ကျယ်ဝန်းပါတယ်။ သူ့ရဲ့ အထူကတော့ ၇.၉ မီလီမီတာ သာ ရှိတဲ့ အတွက် တော်တော်လေး ပါးလွှာတဲ့ စမတ်ဖုန်း လို့ သတ်မှတ်နိုင်မှာပါ။ 3000 mAh ရှိတဲ့ ဘက်ထရီ ကို အသုံးပြုထားတဲ့အတွက်လည်း အနည်းဆုံး ၃ ရက်ထိ ဖုန်းကိုဖွင့်ထားလို့ ရနိုင်မှာပါ။

ကင်မရာအနေနဲ့ ကတော့ 13 MP ရှိတဲ့ အနောက်ကင်မရာ တစ်လုံးသာ ပါဝင်မှာ ဖြစ်ပြီး ကင်မရာကတော့ အနည်းငယ် အားနည်းချက်ရှိနေနိုင်ပါတယ်။ နေ့ခင်းဘက်မှာ ရိုက်ကူးရင် အဆင်ပြေနိုင်ပေမယ့် ညဘက် အလင်းရောင် နည်းတဲ့အချိန်မှာ ရိုက်ရင်တော့ အလင်းရောင် အခြေအနေအရ အရည်အသွေးနိမ့်သွားနိုင်ပါတယ်။

ကင်မရာကလွဲပြီး ကျန်တာအားလုံး ကို လိုအပ်ချက်မရှိထုတ်လုပ်ထားတဲ့ Vodafone Smart 4 Max ရဲ့ ဈေးနှုန်းဟာ စတာလင်ပေါင် ၁၂၅ သာရှိတဲ့အတွက် ငွေရေးကြေးရေး အရ ထိုက်တန်တဲ့ စမတ်ဖုန်းတစ်လုံးပဲဖြစ်ပါတယ်။

( Mario )

Ref : Mirror
Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment