Powered by Blogger.

Skype Translator သုံးဖို့ Sign-Up လုပ်စရာမလိုတော့





ဒီနေ့ပဲ Microsoft ဟာ သူ့ရဲ့ Skype Translator application ကို စမ်းသပ် အသုံးပြုဖို့အတွက် Sign-Up လုပ်ရတဲ့ အဆင့်ကို ပယ်ဖျက်လိုက်ပါပြီ။

သင်တစ်ကယ် ဘာသာပြန် လုပ်ဆောင်ချက်ကို အသုံးပြုချင်စိတ်ရှိတဲ့အခါမှာလည်း သင်ဟာ ဘာဖောင်မှ ဖြည့် စရာ မလိုပဲ ဒေါင်းလုဒ် ရယူ နိုင်မှာဖြစ်ပါတယ်။

ထို ဘာသာပြန် ၀န်ဆောင်မှုကတော့ Skype Translator app ကို တပ်ဆင်ထားပြီးရင် လူ ၂ ယောက် Skype နဲ့တွေ့ဆုံတဲ့အခါ စကားပြောသည်ဖြစ်စေ ၊ စာရိုက်သည်ဖြစ်စေ တစ်ဖက်လူ ပြောနေသည့် ဘာသာများကို မိမိ ကြည့်ရှု လိုသော ဘာသာသို့ ထို app ကပြန်ပေးမှာ ဖြစ်ပါတယ်။

ထို app ကိုတော့ Windows 8.1 နဲ့ Windows 10 မှာပဲ အသုံးပြုနိုင်မယ် လို့ သိရပါတယ်။ ဒါကြောင့် သင်နားမလည် တဲ့ ဘာသာစကားကို ပြောမယ့် လူတစ်ယောက်နဲ့ Skype မှာတွေ့တဲ့အခါမှာ ထို app က ပံ့ပိုးပေးမှာ ဖြစ်ပါတယ်။ 

အသံနဲ့ ဘာသာပြန်ပေးတဲ့ စနစ်လည်း ပါဝင်ပြီး အင်္ဂလိပ် ၊ စပိန် ၊ အီတလီ ၊ မန်ဒါရင် နဲ့ အခြား ဘာသာစကား ၅၀ ကျော်ကို အသုံးပြုနိုင်မယ်လို့ သိရပါတယ်။

Ref : Engadget
Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment