Powered by Blogger.

Wireless နဲ့ Bluetooth ၂ ခုလုံး အသုံးပြုနိုင်မယ့် Sennheiser RS 175 နားကြပ်




Sennheiser RS 175နားကြပ်သည် မိမိနေအိမ်မှာ ပင် တီဗီကြည့် ခြင်း၊ သီချင်းနားထောင်ခြင်း၊ ဂိမ်းဆော့ခြင်းများအတွက် Home Theater တစ်ခုကဲ့သို့ Surround System အသံထွက် စနစ် ကို ရရှိနိုင်စေရန် ရည်ရွယ် ထုတ်လုပ်ထားခြင်း ဖြစ်သည်။

Rs 175 တွင် နားကြပ်ဆီသို့ အသံ ထုတ်လွှတ်ပေးမည့် Transmitter တိုင်တစ်ခု ပါဝင်သည်။ အရောင် အနေဖြင့် အနက်ရောင်နဲ့ မီးခိုရောင်တို့ရရှိနိုင်မည် ဖြစ်ပါသည်။ 

Sennheiser RS 175 နားကြပ် သည် သင်နားရွက်တစ်ခုလုံးကို ကောင်းမွန်စွာဖုံးလွှမ်းပေးနိုင်ပြီး သက်သောင့်သက်သာ ဖြစ်စေသည့် ဒီဇိုင်းလည်းဖြစ်ပါသည်။ 

ဘက်ထရီအနေဖြင့်လည်း AAA ဘက်ထရီအမျိုးအစား ဓာတ်ခဲ ၂ လုံးကိုအသုံးပြုရမည်ဖြစ်ကာ ၁၈နာရီကြာအောင် မနားတမ်းဖွင့်ထားနိုင်မည် ဖြစ်ပါသည်။ 

 ချိတ်ဆက်ရန် လွယ်ကူပြီး လူငယ်တွေအကြိုက်တွေ့မယ့် အားသာချက်ကတော့ အရည်အသွေးပြည့်ဝတဲ့ Bass Mode ပင် ဖြစ်ပါသည်။

အခြား Bluetooth ပါတဲ့ တီဗွီတွေဟာ Wireless စနစ်ကို မပံ့ပိုးပေးနိုင်ပါဘူး။ ဒါ့အပြင် Bluetooth receiver တစ်ခုကို တီဗီရဲ့ audio port မှာ ချိတ်ဆက်ရသည့်အတွက် အရည်အသွေးပိုင်းမှာ လျော့နည်းမှုတွေရှိလာနိုင်ပါသည်။

RS175 ကတော့ Bluetooth နဲ့ Wireless စနစ် ၂ ခု လုံးကို အသုံးပြုနိုင်ပြီး Transmitter ပါဝင်တဲ့အတွက် မီတာ ၁၀၀ လောက်အထိ အကွာအဝေးအားဖြင့် ယူဆောင်သွားနိုင်မည်ဖြစ်သည်။ 

 မြန်မာငွေ နဲ့ တွက် လျှင် ၃ သိန်းကျော်ခန့် ကျသင့်မည်ဖြစ်ကာ…. တီဗီကြည့် သည့်အခါနှင့် သီချင်းနားထောင်ခြင်း၊ ဂိမ်းဆော့ခြင်းများအတွက် အထူးသင့်လျှော်သော နားကြပ်အမျိုးအစားတစ်ခု ဖြစ်ပါသည်။


Ref : Indiatimes
Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment