Powered by Blogger.

Windows 10 ရဲ့ ဗားရှင်း အသီးသီး မှာ ဆော့လို့ရမယ့် Candy Crush




ဗားရှင်းအမျိုးမျိုးနဲ့ ထုတ်လုပ်တော့မယ့် Windows 10 ရဲ့ ဗားရှင်း အသီးသီး မှာ ဆော့လို့ရမယ့် ဂိမ်းတွေက ဘာတွေဖြစ်မှာလဲ။ Solitaire နဲ့ Minesweeper တို့ပဲလား။

မဟုတ်တော့ပါဘူး။အခုတစ်ခေါက် Windows 10 မှာ ဆော့လို့ရမယ့် ဂိမ်းကတော့ လူငယ်တွေကြားမှ ရေပန်းစားခဲ့တဲ့ Candy Crush ဂိမ်းပဲဖြစ်ပါတယ်။

သတ်မှတ်ချိန်အတွင်းမှာ သကြားလုံးတွေကို အရောင်တူတာ တွဲဖက်ရတဲ့ Candy Crush ဂိမ်းဟာ iOS ၊ Android နဲ့ Windows Phone အသုံးပြုသူတွေ ကို ဆွဲဆောင် ခဲ့ပြီး ပါပြီ။

ထို ဂိမ်းဟာ ဒီနှစ်ထဲမှာ ထွက်ရှိလာဦးမှာဖြစ်ပြီး Windows 10 နဲ့ တစ်ပြိုင်နက် ထွက်ရှိလာလိမ့်မယ်လို့ ကျွမ်းကျင်သူတွေက ခန့်မှန်းကြပါတယ်။

ထိုဂိမ်းဟာ အားလုံးအတွက် Windows 10 မှာ နဂိုကတည်းက တပ်ဆင်ပေးထားမှာ ဖြစ်ပြီး သတ်မှတ်ချိန်တစ်ခု ရောက်တဲ့အခါမှာ upgrade ပြုလုပ်ပေးရမယ်လို့ သိရပါတယ်။

Microsoft ရဲ့ ပြောကြားချက်အရတော့ Candy Crush ဂိမ်းဟာ Android နဲ့ iOS ကိရိယာတွေအတွက် Cross-Play ရွေးချယ်ခွင့်ကို ပေးသွားမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။

Ref : Engadget


Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment