Powered by Blogger.

Playstation 4 ထက် ရောင်းအားကောင်းနေတဲ့ Xbox One




အံ့အားသင့်စရာ သတင်းတစ်ခုကို ကြားလိုက်ရပါတယ်။ Xbox One ဟာ ပြီးခဲ့တဲ့ အပတ်က ဂိမ်းစက် ရောင်အားမှာ ဦးဆောင်နေခဲ့ပါတယ်။

အံ့အားသင့်စရာလို့ပြောရတဲ့အကြောင်းကတော့ Xbox One မှာ စနစ်အတွက် ပါဝင်ပြီးသား ဂိမ်းလည်း မရှိသလို စိတ်ဝင်စားဖို့ကောင်းလောက်အောင် ထွက်ထားတဲ့ ဂိမ်းလည်း မရှိသေးပါဘူး။ ဒါပေမယ့် Playstation 4 ထက်ပင်ရောင်းအားကောင်းခဲ့တယ်လို့ သိရပါတယ်။

ကုမ္မဏီ ရဲ့ ပြောကြားချက်အရတော့ ဂိမ်းစက်ရောင်အားဟာပြီးခဲ့တဲ့ဧပြီလ နဲ့ နှိုင်းယှဉ်ကြည့်လိုက်ရင် ၆၃ ရာခိုင်နှုန်းအထိ ရောင်းအားတိုးလာပြီး Xbox Live ကို အသုံးပြုတဲ့ လူဦးရေ လည်း တစ်ကမ္ဘာလုံးမှာ ၂၄ ရာခိုင်နှုန်းအထိ များလာခဲ့တယ်လို့ သိရပါတယ်။ စုစုပေါင်း ဂိမ်းစက် သန်း ၂၀ အထိ ရောင်းချပြီးဖြစ်တယ်လို့ ကုမ္မဏီကဆိုထားပါတယ်။

Sony အနေနဲ့ ဒါကို ဘာမှ ပြောချင်မှာ မဟုတ်ပါဘူး။ မကြာသေးခင်ကမှ Play Station 4 အတွက် ထွက်လာတဲ့ Mortal Kombat X ဆိုတဲ့ ဂိမ်းဟာ ရောင်းအားအကောင်းဆုံး ဂိမ်း အဖြစ်ရပ်တည်နိုင်နေသေးသလို အမေရိကန် ပြည်ထောင်စု မှာလည်း Playstation 4 ဟာ ရောင်းအား အကောင်းဆုံး ဂိမ်းအဖြစ် ဆက်လက် ရှိနေပါသေးတယ်။

Ref : Engadget
Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment