Powered by Blogger.

ဗားရှင်းအမျိုးမျိုးနဲ့ ထုတ်လုပ်မယ့် Windows 10




Microsoft က အသစ်ထွက်ရှိလာမယ့် Windows 10 ရဲ့ ဗားရှင်းအမျိုးမျိုးကို အသေးစိတ်ပြသခဲ့ပါတယ်။ ဗားရှင်းအမျိုးမျိုးဆိုပေမယ့်လည်း အားလုံးဟာ Windows ပရိတ်သတ်တွေ အတွက်တော့ ရင်းနှီးပြီးသားပါ။

အဓိက သုံးစွဲသူ ပြည်သူလူထုအတွက် Home ဆိုတဲ့ ဗားရှင်းတစ်ခုကိုထုတ်လုပ်မှာဖြစ်ပြီး စီးပွားရေး လုပ်ငန်း တွေမှာ အသုံးပြုနိုင်မယ့် Windows ကို Pro ဗားရှင်းနဲ့ ထုတ်လုပ်မှာ ဖြစ်ပါတယ်။ ဌာနခွဲတွေ ဖြန့်ကျက်ထားရတဲ့ ကြီးမားတဲ့ အဖွဲ့ အစည်းတွေမှာ သုံးနိုင်မယ့် ဗားရှင်းကတော့ Windows 10 Enterprise ပဲဖြစ်ပါတယ်။

ဖုန်းတွေမှာသုံးဖို့အတွက် Windows 10 Mobile ဗားရှင်းကိုလည်း ထုတ်လုပ်မှာဖြစ်သလို Mobile Enterprise ဗားရှင်းလည်း ထုတ်ဦးမှာပါ။ ဒါ့အပြင် ကျောင်းတွေမှာ အသုံးပြုနိုင်ဖို့ အဓိက ရည်ရွယ်ထားတဲ့ ဗားရှင်းတစ်မျိုးကိုလည်း ထုတ်လုပ်ဖို့ အစီအစဉ် ရှိသေးတယ်လို့လည်း သိရပါတယ်။

Windows 10 ဟာ ဒီနှစ်နွေရာသီ ပြီးရင် ထုတ်လုပ်နိုင်ဖို့ စီစဉ်ထားပါတယ်။ Windows 10 ဟာ Windows 7 နဲ့ Windows 8 သုံးနေသူတွေအတွက် ပထမ တစ်နှစ်မှာ အခမဲ့ သုံးစွဲနိုင်မှာပါ။


Ref : Engadget



Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment