Apple ကုမ္မဏီ ကိုတည်ထောင်ခဲ့တဲ့ Steve Jobs မသေခင်က အသုံးပြုခဲ့တဲ့ Business ကတ် ၃ ခုကို လူတစ်ယောက်က ဒေါ်လာ ၁၀၀၅၀ (စတာလင်ပေါင် ၆၃၆၀) နဲ့ ၀ယ်ယူခဲ့ပါတယ်။
ထို Business ကတ် ၃ ကတ်ကတော့ ၁၉၈၄ ခုနှစ်ကနေ ၁၉၉၀ ခုနှစ် ကာလများမှ ဖြစ်ပြီး ထိုအချိန်တွေတုန်းက Steve Job ဟာ NeXT ကုမ္မဏီ ရဲ့ ဥက္ကဌ အဖြစ် ၁ ကတ် ၊ Apple ရဲ့ ဘုတ်အဖွဲ့မှာ Chairman အဖြစ် ၁ ကတ်နဲ့ Pixar animation studio ရဲ့ ဘုတ်အဖွဲ့မှာ Chairman အဖြစ် ၁ကတ်ဖြစ်ပါတယ်။
ထို ကတ်တွေဟာ ပရဟိတ အသင်း တစ်သင်း ပိုင်ဆိုင်တာဖြစ်ပြီး ထို ကတ် ၃ ကတ်ကို အမေရိက မှာ ရှိတဲ့ စာသင်ကျောင်း တစ်ကျောင်းကို လှုဒါန်းသွားဖို့အတွက် လေလံတင်ရောင်းချခဲ့တာဖြစ်ပါတယ်။
Steve Jobs ရဲ့ Business ကတ် ၃ ကတ် ကို ၀ယ်ယူသွားတဲ့ သူကတော့ Stacks ကုမ္မဏီရဲ့ CEO ဖြစ်တဲ့ Tim Knowles ပဲဖြစ်ပါတယ်။
လေလံတင်ရောင်းချခဲ့တဲ့ Steve Jobs ရဲ့ Business ကတ် ၃ ကတ် |
Ref : Mirror
0 comments:
Post a Comment